Chapter 12

801 98 9
                                    

ဒီကမ္ဘာကြီးထဲမှာကောင်းတဲ့အရာရှိလို့လား?(2)
.

တကယ်တော့ ထိုအချိန်က ရှန်းလုမှာကျောင်းလူဆိုးတွေနှောင့်ယှက်ခံရမှာကို အနည်းငယ်စိုးရိမ်နေခဲ့သည်။ ထိုသို့ဖြစ်ခဲ့ရင် ဒုက္ခများပေလိမ့်မည်။

ဒါပေမယ့် အကြောင်းပြချက်တစ်ချို့ကြောင့် နောက်ပိုင်းတွင် သူမကိုကျောင်းမှာလာကြည့်ကြ၊ ကြိုက်သည်ဟုအခိုင်အမာပြောခဲ့ကြတဲ့ ထိုကျောင်းလူဆိုးတွေမှာ သူမကိုရည်ရွယ်ချက်ရှိရှိနဲ့ရှောင်ကွင်းသွားကြသည်။ ဒါပေမယ့် ရှန်းလုကအကြာကြီးစိတ်ထဲမထားခဲ့ပေ။ ဘာပဲဖြစ်ဖြစ် ထိုအချိန်ကသူမနှလုံးသားနဲ့မျက်လုံးထဲမှာ ကျန်းယိတစ်ယောက်သာရှိခဲ့သည်။

နောက်တော့ ချီယန်ကပါတနည်းနည်းဖြင့် ကျန်းယိနဲ့သူငယ်ချင်းဖြစ်လာခဲ့ပြီး သူကကျန်းယိရဲ့အသိုင်းအဝိုင်းထဲက ရှန်းလုကိုကြင်နာစွာဆက်ဆံတဲ့ တစ်ဦးသောသူပင်။

ကျန်းယိကရှန်းလုကိုလူပုံအလယ်မှာ ထိခိုက်နာကျင်စေတဲ့စကားတွေပြောတဲ့အခါ သူကကျန်းယ်ိကိုရပ်ဖို့ဝင်ပြောပေးပြီး မိုးရွာကြီးထဲမှာကျောင်းဂိတ်တံခါးဝ၌ သူမကျန်းယိကိုစောင့်နေသည်ကို မြင်လိုက်ရတဲ့အခါ ကျန်းယိကလုံးဝပေါ်မလာခဲ့ပေမယ့် သူကတော့အပြေးအလွှားရောက်လာသည်။ သူကသူမကိုကားထဲအတင်းထိုးထည့်ကာ အိမ်ပြန်လိုက်ပို့ပေးရင်းနဲ့ သူမကိုဦးနှောက်ချောင်နေလို့ ဆူပူပြောဆိုတတ်သည်။

ထို့ကြောင့် ချီယန်သည်ကလေးဘဝတည်းကပြဿနာရှာသူလို့ နာမည်ဆိုးနဲ့ကျော်ကြားပြီး ထိန်းမနိုင်သိမ်းမရနဲ့မလိုက်နာတတ်သူအဖြစ် ဖော်ပြခံရသော်ငြား သူကလူကောင်းတစ်ယောက်လို့ ယူဆလို့ရရုံလောက်ရှိတယ်ဆိုတာ ရှန်းလုသိသည်။

ထို့ကြောင့် ဒီတစ်ခေါက်မှာ အတော်လေးစဉ်းစားပြီးနောက် အနည်းဆုံးတော့အခုချိန်မှာ ကျန်းယိကိုအဝေးပို့နိုင်ဖို့ သူမကချီယန့်ကိုအကူအညီတောင်းခဲ့ခြင်းပင်။ အမှန်ပင် ချီယန်သည်အကျိုးဆက်တွေကိုဂရုမစိုက်ပဲ ပွဲကြည့်လိုတဲ့တူညီတဲ့သဘောထားမျိုးရှိနေသေးပြီး သူမကိုကူညီဖို့အလွယ်တကူသဘောတူခဲ့သည်။

"ဗီလိန်များ" ရသစုံရှိုးကနေ နာမည်ကြီးလာတယ်Where stories live. Discover now