Hello 🤗 ဗီလိန်အခပေးဂရုလေးစပါပြီနော် စာလေးကနည်းနည်းတော့ရှည်မယ်။ ဆုံးအောင်သေချာလေးဖတ်ပေးပါနော်။ ရှင်းပြချင်တာလေးတွေတစ်ခါတည်းရှင်းပြထားချင်လို့ပါ။ အရင်ဆုံးnovel အကြောင်းလေးအရင်ရှင်းပြပါရစေ။ ဒီnovelလေးကမူရင်းမှာစုစုပေါင်း 86 ပိုင်းပဲရှိပါတယ်။ etrans ကparts တွေခွဲပြီးပြန်တော့ 311 ပိုင်းဖြစ်သွားပါတယ်။ parts တွေများလို့ဆိုပြီး ဟင်ခနဲဖြစ်မသွားပါနဲ့အုံး။ တမင်ခွဲထားတာမဟုတ်လောက်ဘူး။ သူကတစ်ပိုင်းကိုသေအောင်ရှည်မတရားရှည်ပါတယ်။ တချို့အပိုင်းတွေဆို part 5 လောက်ထိခွဲထားတာတောင် part တစ်ခုကကိုယ်ပြန်နေတဲ့အမြောက်စာခင်ပွန်း နှစ်ပိုင်းစာလောက်ရှိပါတယ်။ အဲ့ဒီအပြင် ကိုယ်ကအပိုင်းတစ်ခုကို part1, 2, 3 စသည်ဖြင့်မခွဲထားပါဘူး။ ဒါလေးတော့ပြောဖူးပါတယ်။ ကိုယ်ကအကုန်လုံးကို အရေအတွက်အတိုင်း 311အထိ 1, 2, 3, 4, 5 အဲ့ဒီလိုမျိုးပဲနံပါတ်တပ်သွားမှာပါ။ part တွေနဲ့ဆိုရှုပ်တယ်ထင်လို့ပါ။ အဲ့ဒါကြောင့်မို့ ကိုယ်ဘာသာပြန်တာနှေးတယ် စိတ်မရှည်ဘူး etrans ပဲသွားဖတ်ချင်တယ် ရောက်နေတဲ့အပိုင်းအတိအကျကိုလည်း etrans မှာpartတွေခွဲထားလို့ ရှာမတတ်ဘူးရှုပ်တယ်ဆိုရင် message ကနေကိုယ့်ကိုလာမေးနိုင်ပါတယ်။ ကိုယ်ပြန်နေတဲ့အပိုင်းရဲ့etrans part ကိုပြောပြပေးမှာပါ။
နောက်ထပ်အခပေးဂရုလေးအကြောင်းပြောပါမယ်။ အပိုင်းကတော့ လုရှတို့ပြန်နေတာမပြီးသေးလို့ ဂရုထဲမှာတစ်ရက်ကိုတစ်ပိုင်းပုံမှန်တင်ပေးပါမယ်။ အခွင့်သင့်ရင်သင့်သလို ပိုတင်ပေးသွားမှာပါ။ ကိုယ့်ဆီမှာဖတ်ဖူးတဲ့သူတွေဆိုရင် သိကြမှာပါ။ ကိုယ်ကရှောင်လွှဲမရတဲ့ကိစ္စမရှိသရွေ့ အမြဲပုံမှန်ပါတယ်။ ကိစ္စရှိခဲ့ရင်လည်း ဂရုထဲမှာအရင်အကြောင်းကြားပါတယ်။ နောက်နေ့ကျအစားထိုးထပ်တင်ပေးပါတယ်။ လုရှတို့ပြီးသွားရင်တော့ အနည်းဆုံးတစ်ရက်နှစ်ပိုင်းတင်ပေးသွားမှာပါ။ freeမှာလည်းတပတ်ကို 1-2 ပိုင်းတင်သွားပါမယ်။
အခကြေးငွေအကြောင်းလေးပြောပါမယ်။ စုစုပေါင်းအပိုင်း 311 ကို Gp3 ခုထားမှာပါ။ ပထမဆုံး Gp ကfreeမှာတင်ထားတာတွေနဲ့ထည့်တွက်လိုက်တော့ 111 ပိုင်းပါမှာပါ။ ကျန်တဲ့နှစ်ခုကတော့ အပိုင်း100 စီပါပါမယ်။ Gpတစ်ခုကိုသုံးထောင်ကျပ်ပါ။ လောလောဆယ်တော့ Gp1(1-111) ပဲရပါအုံးမယ်။ အစအဆုံးအတွက်ငွေကြိုလွှဲလက်မခံပါဘူးရှင်။ ကြီးကျယ်တာမဟုတ်ပဲနဲ့ Gp1တောင်ပြီးအောင်မရေးပြီးသေးလို့ပါ။ အခပေးဂရုလေးကိုအားပေးချင်တဲ့သူတွေ အားပေးနိုင်ပါပြီနော်။
Zawgyi
YOU ARE READING
"ဗီလိန်များ" ရသစုံရှိုးကနေ နာမည်ကြီးလာတယ်
Romanceချောမောလှပ လျှာစောင်းထက်ပြီး ပျော်ရွှင်မှုကိုနှစ်သက်တဲ့ ငါးဆားနယ်မလေး X ကာကွယ်ပေးတတ်ပြီးဗိုလ်ကျတဲ့ဥက္ကဌ။ Eng Name - Becoming popular through "all villain" variety show Associated Names 在"全员恶人"的综艺里摆烂爆红 Author(s) 竹外疏狂 This is not my work. Just Fun Tra...