Uni
အခန်း (၄၀၂) မီးတောက်မိစ္ဆာကမ္ဘာကိုတန်ပြန်တိုက်ခိုက်ရန်
မီးတောက်မိစ္ဆာများ အုံနှင့်ကျင်းနှင့် ကျူးကျော်ဝင်ရောက်လာမှု ရပ်တန့်သွားပြီးနောက် အရှေ့ပင်လယ်မှ ဒီရေလှိုင်းလေများသည်လည်း ငြိမ်သက်သွားခဲ့သည်။
သို့သော် ရန်ကျောက်ကဲအမြင်အရဆိုလျှင် မီးတောက်မိစ္ဆာများကျူးကျော်ဝင်ရောက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် သက်ရောက်မှုများက အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် စတင်နေပြီ ဖြစ်သည်။
ကျောက်စိမ်းပင်လယ်မြို့တော်က 'ကျောက်စိမ်းပင်လယ်နတ်ဆေးဓား' ကို ပိုင်ဆိုင်ထားပြီဖြစ်ရာ ပိုမိုအင်အားကြီးမားလာမည်မှာ အမှန်ပင်။
မီးတောက်မိစ္ဆာများသာ ကျူးကျော်ဝင်ရောက်လာခြင်းမရှိပါက ကျောက်စိမ်းပင်လယ်မြို့တော်အနေဖြင့် ဆုံးရှုံးမှုများစွာ တွေ့ကြုံရမည်မဟုတ်ဘဲ အဆုံးမဲ့တောင်တန်း ၊ လှိုင်းနက်ဂေဟာနှင့် ကောင်းကင်မိုးကြိုးခန်းမတို့ထက် အင်အားသာလွန်သွားပြီး ဝါဒတောင် ၊ နေသူတော်စင်ဂိုဏ်းတို့နှင့် အဆင့်တူလာမည် ဖြစ်သည်။
သို့သော် မီးတောက်မိစ္ဆာများ ကျူးကျော်ဝင်ရောက်လာခဲ့သဖြင့် ကျောက်စိမ်းပင်လယ်မြို့တော် ကြီးမားသောကပ်ဘေးကြီးကို ရင်ဆိုင်ခဲ့ရသည်။ 'ကျောက်စိမ်းပင်လယ်နတ်ဆေးဓား' ကို အောင်မြင်စွာ ပြုလုပ်နိုင်သော်လည်း မြို့တော်သခင် 'စုန့်ဝူလျန်' ဒဏ်ရာရသွားသလို ကျောက်စိမ်းပင်လယ် ပင်မအစီအရင်ကြီးလည်း လုံးဝပျက်ဆီးသွားပြီဖြစ်ရာ ပြန်လည်တည်ဆောက်ရန် လိုအပ်သည်။
ထို့ပြင် ကျောက်စိမ်းပင်လယ်မြို့တော်မှ တပည့်အများအပြားသည်လည်း တိုက်ပွဲအတွင်းကျဆုံးခဲ့ကြရပြီး ဒဏ်ရာရရှိသူများစွာလည်းရှိခဲ့သည်။ ထို့ကြောင့် သူတို့အနေဖြင့် နယ်ပယ်အတော်များများတွင် ဆုံးရှုံးနစ်နာခဲ့ကြရ၏။
အခြေခံအုတ်မြစ်ခိုင်မာပြီးသားဖြစ်သဖြင့် ဤအခက်အခဲများအားလုံးကို ကျော်ဖြတ်ပြီးသည်နှင့် ယခင်ကထက်ပင်ပိုမိုအင်အားကြီးမားလာမည်ဟု မျှော်လင့်နိုင်သည်။
YOU ARE READING
မိုးကောင်းကင်၏ မဟာအကြံအစည် (MM Translation) Part III
FantasyHistory's Strongest Senior Brother Original Writer : August Eagle Part - 1807 Translated by Zin Pyay