Book 33 Chapter 464

33 5 0
                                    

Uni

အခန်း (၄၆၄) ရန်တိ တံခါးပိတ်ကျင့်ကြံပြီ

ကျောက်စိမ်းပင်လယ်မြို့တော်က သူတို့၏ ပင်မအစီအရင်ကို ပြန်လည်ပြုပြင်နေရသလို မြို့တော်သခင် 'စုန့်ဝူလျန်' သည်လည်း ဒဏ်ရာရထားသဖြင့် တံခါးပိတ်ကျင့်ကြံနေရသည်။

နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမတို့က ကျောက်စိမ်းပင်လယ်မြို့တော်ကိုတိုက်ခိုက်ရန် တစ်သက်မှာတစ်ခါ ရခဲလှသောအခွင့်အရေးကို လက်မလွှတ်ခဲ့ကြပေ။ သူတို့က ရေနယ်မြေအစပ်တွင် လိုအပ်သည့်သတင်းများကို စုံစမ်းပြီး လှုပ်ရှားမှု စတင်ခဲ့ကြသည်။

ဝါဒတောင်နှင့် အဆုံးမဲ့တောင်တန်းတို့က ပြတ်ပြတ်သားသားလက်တွဲလျှက် နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမ၏ တိုက်ခိုက်မှုကို တားဆီးကာ ကျောက်စိမ်းပင်လယ်မြို့တော်ကို ကူညီခဲ့ကြ၏။

အဆုံးသတ်မှာတော့ ထိုတိုက်ပွဲကြီးသည် မြေကမ္ဘာနယ်မြေမှ ပေါက်ကွဲမှုကြီးကြောင့် ရပ်တန့်သွားခဲ့ရသည်။

မြေကမ္ဘာနယ်မြေတွင် အန္တရယ်ကျရောက်သည့်အခါ ထိပ်သီးသိုင်းဂိုဏ်းကြီးများအနေဖြင့် ရန်ငြိုးရန်စများကို ခဏဘေးဖယ်ထားပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ဘုံရန်သူကို အတူတကွရင်ဆိုင်ရန် ရွေးချယ်ခဲ့ကြရသည်။

များပြားလှစွာသော ထိပ်တန်းသိုင်းကျင့်ကြံသူများက မြေကမ္ဘာနယ်မြေကို စောင့်ကြည့်နေကြပြီး အချို့ကတော့ သက်ဆိုင်ရာဂိုဏ်းဌာနချုပ်များဆီသို့ပြန်သွားကာ အမျိုးမျိုးသောအစီအစဉ်များကို စတင်ရေးဆွဲကြသည်။

ရန်ကျောက်ကဲလည်း ဝါဒတောင်သို့ပြန်လာပြီးနောက် ဖခင်ဖြစ်သူရန်တိနှင့် တွေ့ဆုံခဲ့လေသည်။

"ဒီ သားလေး'ရန်' က အမေ့ကို ရှာတွေ့ဖို့ ပျက်ကွက်ခဲ့ပါတယ်"

ရန်ကျောက်ကဲထံမှ ပထမဆုံးစကားကိုကြားရသည့်အခါ ရန်တိမှာ ငိုရမည်လား ရယ်ရမည်လားမသိ ဖြစ်ရသည်။

ရန်ကျောက်ကဲ ဘာကြောင့် ထိုသို့ စ နောက် သည်ကို နားမလည်သော်လည်း ထိုစကားနောက်ကွယ်တွင် အဓိပ္ပါယ်တစ်ခုရှိကြောင်းကို ရန်တိ သိရှိ၏။

မိုးကောင်းကင်၏ မဟာအကြံအစည် (MM Translation) Part IIIWhere stories live. Discover now