Uni
အခန်း (၄၄၇) မိစ္ဆာဘုရင် ရန်ကျောက်ကဲ
ရန်ကျောက်ကဲက လော့ကျင်းဟောင်တို့အုပ်စုအားတည်ငြိမ်စွာကြည့်ရင်း...
"ဒီရက်တွေ ဟိုဟိုဒီဒီ ပြေးလွှားနေရတာနဲ့ပဲ အတော်လေးပင်ပန်းနေလို့ မင်းတို့ဖိတ်ကြားတာကို မလာရောက်နိုင်ခဲ့ဘူး ၊ ပြီးတော့ မင်းတို့တွေလည်းအခု ငါနဲ့တွေ့နေကြရပြီပဲ မဟုတ်လား"
လော့ကျင်းဟောင်က အသက်ပြင်းပြင်းတစ်ချက်ရှူရင်း...
"ဟုတ်ပါတယ် ၊ သခင်လေး နဂါးတောင်ထွတ်ကို ကြွရောက်မယ်ဆိုရင်တော့ ကျွန်တော်တို့အတွက် တုနှိုင်းမရတဲ့ဂုဏ်ပြုမှုကို ခံစားရမှာပါ ၊ ဒါပေမဲ့ အားလုံးက သခင်လေးစိတ်ဆန္ဒအပေါ်ပဲ မူတည်ပါတယ်"
သူက ဆက်ပြောသည်။
"ဒီနေ့ ကျွန်တော်တို့ ဒီကိုရောက်လာတာက ကျူးကျော်လာတဲ့ရန်သူတွေကို တိုက်ခိုက်ဖို့အတွက်ပါ ၊ သခင်လေးအနားယူတာကို အနှောက်အယှက်မဖြစ်စေချင်လို့ တိုက်ခိုက်ပေးကြမလို့ပါ ၊ ဒါပေမဲ့ ကျွန်တော်တို့ထက်အရင် သခင်လေးက ရန်သူတွေကို သုတ်သင်ပစ်မယ်လို့ မထင်ထားဘူးလေ ၊ ဒီကိစ္စအတွက် ဒီ 'လော့' မျိုးနွယ်က လေးလေးနက်နက် တောင်းပန်ပါတယ်"
နဂါးစိမ်းတောင်မှ အခြားသောအကြီးအကဲများကလည်း ကြက်အစာကောက်သလို ခေါင်းတညိတ်ညိတ်ဖြင့် ထောက်ခံလိုက်ကြ၏။
"အမှန်ပါပဲ အမှန်ပါပဲ"
ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...
"ဒါဆိုရင်တော့ အဆင်ပြေပါတယ်"
ပြောပြီးသည်နှင့် သူက လှည့်ထွက်သွားသည်။
နဂါးစိမ်းတောင်ဂိုဏ်းမှ လူများအားလုံး သက်ပြင်းချလိုက်ကြ၏။
ထို့နောက် လော့ကျင်းဟောင်ဦးဆောင်ပြီး သွေးနီတိမ်တိုက်ဂိုဏ်းမှသိုင်းသမားများနှင့် မိစ္ဆာတစ်ပိုင်းကျင့်ကြံသူများကို အလျှင်အမြန် သုတ်သင်ရှင်းလင်းလိုက်ကြသည်။
ထိုကိစ္စများကိုင်တွယ်ပြီးသည်နှင့် သူတို့လူများထံမှ သတင်းပို့လာလေရာ လော့ကျင်းဟောင်တို့အုပ်စု အလျှင်အမြန်ပင် အခြားနေရာတစ်ခုသို့ ထွက်ခွာသွားကြသည်။
YOU ARE READING
မိုးကောင်းကင်၏ မဟာအကြံအစည် (MM Translation) Part III
FantasyHistory's Strongest Senior Brother Original Writer : August Eagle Part - 1807 Translated by Zin Pyay