Uni
အခန်း (၄၁၇) တံခါးပွင့်သွားပြီ
"ကောင်းကင်သက်တံ့နှစ်လွှာ" ကို ရန်ကျောက်ကဲ ဘဝတွင် ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်း ဖြစ်သည်။
သက်တန့်နှစ်စင်းက တစ်ခုကအတွင်း ၊ တစ်ခုကအပြင် ကြက်ခြေခတ်သဏ္ဌန်ဖြတ်ကျော်လျှက် မိုးကုတ်စက်ဝိုင်းဆီသို့ အတူတကွ ထိုးဖောက်ဝင်ရောက်သွားကြသည်။
ထိုသက်တံ့နှစ်စင်းလုံးက ရောင်စင်ခုနစ်သွယ်ရှိသော်လည်း ရောင်စဉ်များ၏ အစီအစဉ်ကျမှုက ဆန့်ကျင်ဘက်ဖြစ်သည်။ တစ်ခုက အနီရောင်မှခရမ်းရောင်သို့ အစဉ်အတိုင်းသွားပြီး ကျန်တစ်ခုကတော့ ခရမ်းရောင်မှ အနီရောင်သို့ အစဉ်အတိုင်းသွားသည်။
ရန်ကျောက်ကဲ အရင်က သိရှိထားသလို သက်တံ့ဆိုသည်က နေရောင်ခြည်နှင့် ရေငွေ့တို့ ထိတွေ့ခြင်းဖြင့် အလင်းယိုင်သော ပျံ့လွင့်မှုတစ်ခုသာဖြစ်သည်။ ထို့ကြောင့် ဤသို့သော သက်တံ့ပုံစံဖြစ်စဉ်က ရှားပါးသော်လည်း ပုံမှန်ဟု ယူဆနိုင်သေးသည်။
သို့သော် ထူးခြားသည်မှာ သူတို့ရှေ့မှ 'ကောင်းကင်သက်တံ့နှစ်လွှာ' သည် မိုးကုတ်စက်ဝိုင်းထိတိုင် ထိုးဖောက်ဝင်ရောက်သွားသော အရွယ်အစားတူညီနေသည့် သက်တံ့နှစ်စင်း ဖြစ်သည်။ တစ်ခုက အရှေ့မှအနောက် ၊ တစ်ခုက တောင်မှမြောက် သွယ်တန်းလျှက် ရှည်လျားစွာ တည်ရှိနေကြပြီး သက်တံ့နှစ်စင်း၏ တစ်ခုနှင့်တစ်ခု ဖြတ်သန်းသွားရာနေရာတွင် ဆုံချက်အလယ်ဗဟိုတစ်ခု ဖြစ်တည်နေသည်။
ရန်ကျောက်ကဲမှာ ထိုသို့သောမြင်ကွင်းမျိုးကို ပထမဆုံး တွေ့မြင်ရသဖြင့် အံ့အားသင့်စွာဖြင့် စုတ်သပ်မိရုံသာ။
'ကောင်းကင်သက်တံ့နှစ်လွှာ' ထွက်ပေါ်လာသည့်နေရာသို့ ရောက်လာသောအခါ ပုံရိပ်ယောင်ပင်လယ်စိမ့်စမ်းတောမှ လူတို့၏စိတ်ကိုလှည့်စားနိုင်စွမ်းရှိသော မြူခိုးများသည်လည်း တဖြည်းဖြည်းလျော့ပါးသွားသည်။
ရန်ကျောက်ကဲ၏ရှေ့တွင် ရွှီဖေးနှင့် အခြားသူများ၏ရုပ်ပုံများ တစ်ဖန် ပြန်ပေါ်လာသည်။
အောက်သို့ငုံ့ကြည့်လိုက်တော့ လူတိုင်းလက်ထဲတွင် ကြိုးရျည်ကို ဆုပ်ကိုင်ထားဆဲဖြစ်ပြီး ကြိုးပြတ်တောက်သွားသည့် အရိပ်အယောင် မတွေ့ရပေ။
YOU ARE READING
မိုးကောင်းကင်၏ မဟာအကြံအစည် (MM Translation) Part III
FantasyHistory's Strongest Senior Brother Original Writer : August Eagle Part - 1807 Translated by Zin Pyay