Uni
အခန်း (၄၅၄) ယင်ယန်ဓားအမွှာနှင့် နဂါးလေးကောင်
ခေါင်းမော့ကြည့်လိုက်တော့ အလင်းတန်း (၂)ခု ဖြတ်သန်းလာသည်ကို တွေ့ရလေသည်။ အလင်းတန်းတစ်ခုက အဖြူရောင် ၊ တစ်ခုက အနက်ရောင်ဖြစ်ပြီး ကောင်းကင်တစ်ခွင် တောက်ပလျှက် ရှိကြသည်။
ထိုအလင်းတန်းနှစ်ခုက ဘေးချင်းယှဉ်လျှက် ရှိမနေဘဲ အဆက်မပြတ်လှည့်ပတ်နေပြီး ကမ္ဘာဖြတ်လမ်းကြောင်းအတိုင်း တည့်တည့်မတ်မတ်ဖြတ်သန်းလျှက် မျောလွင့်ဝိညာဉ်ကမ္ဘာရှိရာသို့ ရောက်ရှိလာသည်။
ထိုအလင်းတန်းများနောက်မှ ကောင်းကင်တစ်ခုလုံးတုန်ခါသွားစေသည့် ကြုံးဝါးသံကြီးတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံက နဂါးဟိန်းသံကြီးတစ်သံဖြစ်သဖြင့် ရန်ကျောက်ကဲ မျက်ခုံးတစ်ချက် ပင့်လိုက်မိ၏။
ထို နဂါးဟိန်းသံကြီးကြောင့် ရန်ကျောက်ကဲ၏ခန္ဓာကိုယ်ထဲမှ သန့်စင်ထားသော နဂါးသွေးအနှစ်သာရများသည်ပင် အနည်းငယ် မြင့်တက်လာလေသည်။ ရန်ကျောက်ကဲနှင့်အတူ နဂါးသွေးများ စုပ်ယူကျင့်ကြံထားသည့် အားဟူသည်လည်း အလားတူခံစားချက်မျိုး ခံစားလိုက်ရ၏။
သူက မျက်တောင်တစ်ချက်ခတ်ရင်း...
"သခင်လေး... အဲဒါ နဂါးအစစ်လား"
ရန်ကျောက်ကဲက ကောင်းကင်ထက်မှ ကမ္ဘာဖြတ်လမ်းကြောင်းကို စူးစိုက်ကြည့်နေရင်း...
"နဂါးအစစ်သွေးစွမ်းအားနဲ့ ကျင့်ကြံထားတဲ့သူတွေပဲ..."
အဖြူရောင်နှင့်အနက်ရောင်အလင်းတန်းများနောက်တွင် များပြားလှစွာသော သွေးနီရောင်နဂါးများ လိုက်ပါလာသည်ကို တွေ့မြင်ရသည်။ ထိုနဂါးများသည်လည်း မျောလွင့်ဝိညာဉ်ကမ္ဘာသို့ ဦးတည်ရောက်ရှိလာကြလေသည်။
ဖန်းယွင်ရှန်း ၊ ရွှီဖေးနှင့် အခြားသူများမှာ တုန်လှုပ်ခြောက်ခြားဖွယ်ရာစွမ်းအားများကို ခံစားကြရပြီး ကောင်းကင်ထက်သို့ စူးစိုက်ကြည့်နေကြသည်။
ရွှီဖေးက...
"အဲဒါက နဂါးချီစွမ်းအားဆိုပေမယ့် သူတို့ကိုကြည့်ရတာ မိစ္ဆာသွေးကျင့်ကြံသူတွေ မဖြစ်နိုင်ဘူး ၊ ငါတို့လိုမျိုး ချီစွမ်းအားကျင့်ကြံသူတွေ ဖြစ်ရမယ်"
YOU ARE READING
မိုးကောင်းကင်၏ မဟာအကြံအစည် (MM Translation) Part III
FantasyHistory's Strongest Senior Brother Original Writer : August Eagle Part - 1807 Translated by Zin Pyay