Uni
အခန်း (၄၈၆) ထူးကဲယန်စည်းတံဆိပ်ကိုရယူခြင်း
ပုံရိပ်ယောင်များထဲတွင် ထူးကဲယန်စည်းတံဆိပ်" ရှေ့၌ ထိုမိန်းမပျို ရုတ်တရက် ပေါ်လာလေသည်။
သူမက တောက်ပသောရွှေရောင်အလင်းတန်းများနှင့် တောက်လောင်နေသော နေအပူရှိန်ကို ကြောက်ရွံ့ခြင်းမရှိဘဲ ရွှေရောင်နေဝန်းကြီး၏ မျက်နှာပြင်ထက်တွင် ဖြည်းညင်းစွာ လမ်းလျှောက်လျှက် ရှိသည်။ သူမဦးခေါင်းထက်ရှိ ထူးကဲယင်သရဖူမှ ကြည်လင်သောလရောင်ခြည် ဖြာလဲ့စီးဆင်းကျနေသည်။ ထူးကဲယင်သရဖူမှ လရောင်ခြည်ဖြင့် ထိတွေ့မိသည့်အခါ ထူးကဲယန်စည်းတံဆိပ်က အနည်းငယ် နိုးကြွသွားဟန်ရှိသည်။
မိန်းမပျိုက မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်လေရာ သူမ၏မျက်ဝန်းများမှ တောက်ပသောအလင်းတန်းနှစ်ခု ထွက်ပေါ်လာပြီး ထူးကဲယန်စည်းတံဆိပ်ထက်သို့ကျရောက်သွားလေရာ စည်းတံဆိပ်က အနည်းငယ် တုန်ခါသွားသည်။ ထို့နောက်မှာတော့ အထွတ်ထိပ်မှော်ဝင်ပစ္စည်းထဲတွင် ကွယ်ဝှက်ထားသော ထူးကဲယန်စည်းတံဆိပ် မူလပိုင်ရှင်၏ သိုင်းဝိညာဉ်ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး အလင်းရောင်များ ဖြာလင်းထွက်ပေါ်လာသည်။
ရွှေရောင်အလင်းတန်းများကြားတွင် ထင်ရှားပေါ်လွင်လာသောပုံရိပ်ကို ငေးကြည့်ရင်း မိန်းမပျိုက အချိန်အတန်ကြာ တိတ်ဆိတ်နေသည်။
ထူးကဲယင်သရဖူမှ လရောင်ခြည်ဖြာကျနေသဖြင့် သူမ၏မျက်နှာအသွင်အပြင်ကို မတွေ့မြင်နိုင်သော်လည်း သူမ စိတ်ပျက်လက်ပျက်ဖြစ်သွားကြောင်း ရန်ကျောက်ကဲ ယောင်ဝါးဝါး ရိပ်မိလိုက်သည်။
"လက်သီးသိုင်းဝိညာဉ်က လူသားအသွင်ပြောင်းသွားတာပဲ ၊ ရှင် ထူးကဲယန်စည်းတံဆိပ်ကို ဒီနေရာမှာ ထားခဲ့တာ မအံ့သြတော့ပါဘူး ၊ မက်မွန်ပန်းတွေပွင့်လာဖို့ သစ်တော်ပန်းတွေ စတေးခံရမှာပေါ့လေ"
သူမက သက်ပြင်းတစ်ချက်ချရင်း ညင်သာသည့်လေသံဖြင့်...
"ရှင်က လူတွေအများကြီးဆီကနေ ပုန်းကွယ်နေခဲ့တယ် ၊ အခု ရှင် ဘယ်ရောက်နေလဲ ကျွန်မ သိချင်လိုက်တာ"
YOU ARE READING
မိုးကောင်းကင်၏ မဟာအကြံအစည် (MM Translation) Part III
FantasyHistory's Strongest Senior Brother Original Writer : August Eagle Part - 1807 Translated by Zin Pyay