Uni
အခန်း (၄၇၄) အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ စွမ်းအားအမြင့်မားဆုံး
သိုင်းသူတော်စင်အဆင့်။
သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့်နှင့် သိုင်းသူတော်စင်အဆင့်ဆိုသည်က ကမ္ဘာခြားသည့်ပမာကွာခြားသည်။ မဟာကပ်ဘေးကြီးမတိုင်ခင်ကပင် သိုင်းသူတော်စင်အဆင့်တက်ရောက်ရန် အလွန်တရာ ခက်ခဲသည်။
မဟာကပ်ဘေးကြီးအလွန်ကာလတွင်တော့ အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် သိုင်းသူတော်စင် (၆)ယောက်သာလျှင် ရှိခဲ့၏။
ပြိုင်ဘက်ကင်း'ရန်' (ရန်ဝူတိ) ဟု လူသိများသော ရန်တိသည် ကျင့်ကြံခြင်းလောကသို့ စတင်ဝင်ရောက်ချိန်ကတည်းက သူနှင့်အဆင့်တူသိုင်းသမားများအား တစ်ကြိမ်တစ်လေပင် ရှုံးနိမ့်ခဲ့ဖူးခြင်း မရှိပေ။ သူ့ထက် ကျင့်ကြံခြင်းအဆင့် မြင့်မားသူများသည်ပင် သူ့ကို ရှုံးနိမ့်ခဲ့ရသည်။
လွန်ခဲ့သော (၂)နှစ်ခန့်က ရန်တိ သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့်သို့ တက်ရောက်ခဲ့ပြီး သိုင်းဆရာသခင်များကြားတွင် ပြိုင်ဘက်ကင်း ဖြစ်ခဲ့သည်။ ရန်တိသည် သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်ဖြစ်သည့်တိုင် သိုင်းသူတော်စင်များကိုပင် ကောင်းကောင်း ယှဉ်ပြိုင်နိုင်သည်ဟု အများက သိရှိကြသည်။
ထို့ကြောင့် ရန်တိ သိုင်းသူတော်စင်အဆင့် တက်ရောက်နိုင်ခြင်းကို မည်သူမှ သံသယမဝင်ကြပေ။ တကယ်တော့ သူက မဟာကပ်ဘေးကြီးအလွန်ကာလ ၊ အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် အသက်အငယ်ဆုံး သိုင်းသူတော်စင်တစ်ယောက် ဖြစ်လာမည်ဟု အားလုံး ခန့်မှန်းထားပြီး ဖြစ်၏။
သို့ပေသိ ရန်တိအပေါ် အလွန်အမင်း အထင်ကြီးသူများပင်လျှင် အချိန် (၂)နှစ်အတွင်း သိုင်းသူတော်စင်အဆင့်ရောက်ရှိမည်ဟု ထင်မှတ်မထားကြပေ။
အဘိုးအို'မော့' ၊ ဟွမ်ကွမ်လီ ၊ စုန့်ဝူလျန်နှင့် အန်းချင်လင်တို့အားလုံး အမြင်မားမှားလေသလားဟု အချိန်အတော်ကြ သံသယဝင်မိကြသည်ပင်။
"ဂရား..."
ကောင်းကင်ထက်မှ မဟာမီးတောက်မိစ္ဆာဘုရင်က ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော ကြုံးဝါးသံကြီးတစ်ချက်ပြုလိုက်ရာ ပတ်ဝန်းကျင်မှ မီးလျှံများကိုပင် လှုပ်ယမ်းသွားစေသည်။
YOU ARE READING
မိုးကောင်းကင်၏ မဟာအကြံအစည် (MM Translation) Part III
FantasíaHistory's Strongest Senior Brother Original Writer : August Eagle Part - 1807 Translated by Zin Pyay