Book 34 Chapter 475

35 4 0
                                    

Uni

အခန်း (၄၇၅) သူတို့ရဲ့ကျောရိုးကို ထပ်ပြီးရိုက်ချိုးပစ်ရမယ်

ရန်တိက သိုင်းသူတော်စင်အဆင့်သို့ ယခုမှ ရောက်ရှိသည်ဖြစ်ရာ ရှည်လျားသောတိုက်ပွဲတွင်ပါဝင်ရန် သက်လုံမကောင်းမည်ကို စုန့်ဝူလျန်က စိုးရိမ်နေသည်။ သို့သော် လက်ရှိ ရန်တိအသုံးပြုလိုက်သောဓားချက်က ကမ္ဘာတစ်ဝှမ်းလုံးရှိ သက်ရှိများအားလုံးကို လွှမ်းမိုးနိုင်စွမ်းအပြည့်ဖြင့် အားအင်ပြည့်ဝနေသည်ပင်။

ဒေါသချောင်းချောင်းထွက်နေသော မဟာမီးတောက်မိစ္ဆာဘုရင်သည်ပင် ရန်တိ၏တိုက်ခိုက်မှုကြောင့် အချိန်အတိုင်းအတာတစ်ခုအထိ ခေါင်းမဖော်နိုင်ဖြစ်ခဲ့ရသည်။ ယခုအချိန်တွင် ဟွမ်ကွမ်လီ ၊ အဘိုးအို'မော့' ၊ စုန့်ဝူလျန်နှင့် အခြားသူများသည် မဟာမီးတောက်မိစ္ဆာဘုရင်ကြောင့် ဒဏ်ရာရခဲ့ကြပြီး ကျောက်စိမ်းပင်လယ်ပင်မအစီအရင်ကြီးမှာလည်း ပျက်ဆီးသွားခဲ့ပြီ ဖြစ်၏။

မီးတောက်မိစ္ဆာဘုရင်များကို ရင်ဆိုင်ရန် နဂိုကပင် အင်အားချင်းမမျှသော လူသားသိုင်းသမားများမှာ အခြေအနေဆိုးရွားနေခဲ့ရသည်။ လက်ရှိတွင် ရန်တိက မဟာမီးတောက်မိစ္ဆာဘုရင်ကို တိုက်ခိုက်နေသည့်တိုင် စုန့်ဝူလျန်နှင့် အခြားသူများအတွက် လွယ်ကူလှသည် မဟုတ်ပေ။

အဘိုးအို'မော့' က လေးလံသောအသံဖြင့်...

"ဒီ အကျပ်အတည်းက ပြေလည်ဖို့ ဝေးသေးတယ် ၊ မဟာမီးတောက်မိစ္ဆာဘုရင်ကို မဟာမီးတောက်မိစ္ဆာဘုရင်လို့ ဘာလို့ခေါ်ရလဲဆိုတဲ့ ထူးခြားတဲ့အကြောင်းရင်းတစ်ခု ရှိတယ်"

ထိုစကားကြားတော့ ဟွမ်ကွမ်လီနှင့် အခြားသူများ မျက်မှောင်ကြုတ်လိုက်ကြသည်။

သူတို့ရှေ့မှ အခြေအနေက ခုခံရခက်ခဲနေသည့်တိုင် ဤအချက်ကြောင့် အခြားအန္တရယ်များကို မေ့လျော့နေသည်ဟု မဆိုလိုပေ။ အတိတ်တစ်ချိန် မီးတောက်မိစ္ဆာများ ပထမဆုံးအကြိမ် အစွန်းရောကရှစ်ပါးကမ္ဘာသို့ ကျူးကျော်ဝင်ရောက်လာချိန်တွင် မဟာမီးတောက်မိစ္ဆာဘုရင်တစ်ယောက် ပါဝင်ခဲ့ကြောင်း အားလုံး သိရှိကြသည်။

မိုးကောင်းကင်၏ မဟာအကြံအစည် (MM Translation) Part IIIWhere stories live. Discover now