Uni
အခန်း (၄၆၅) ဆဋ္ဌမအကြိမ်ထူးကဲယင်ပြိုင်ပွဲ
ရန်တိက သိုင်းသူတော်စင်အဆင့်တက်ရောက်ရန် တံခါးပိတ်ကျင့်ကြံမည်ဆိုသောသတင်း ရရှိသည်နှင့် ယွမ်ကျန်းဖုန်း ပျော်လည်းပျော်သလို စိုးရိမ်၍လည်းနေသည်။ မြေကမ္ဘာနယ်မြေတွင် မူမမှန်မှုများ လျော့နည်းသွားသည်နှင့် သူက ကြယ်တာရာသန့်စင်ချီဝတ်ရံဒနှင့်အတူ ဝါဒတောင်သို့ ပြန်လာခဲ့၏။
ဖခင်ဖြစ်သူ တံခါးပိတ်ကျင့်ကြံသည့်နောက် ရန်ကျောက်ကဲသည်လည်း လုပ်စရာအလုပ်များကို ထက်ထက်သန်သန်ဖြင့် စတင်လုပ်ဆောင်သည်။ အရင်ဆုံး မျောလွင့်ဝိညာဉ်ကမ္ဘာမှခေါ်လာသော ၊ စစ်ခုန်ချင်းနှင့် ရုပ်ချင်းဆင်တူသည့် 'ဟယ်ယင်' ဆိုသော မိန်းကလေးကို အခြေချနိုင်ရန် ကူညီပေးသည်။ ထို့နောက် 'ထိုက်ယီချိုးဖျက်အစီအရင်' ကိစ္စကို ပြုလုပ်သည်။
အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုအကူအညီဖြင့် မဟာဝိညာဉ်ကျောက်တုံးအမြုတေများကို သန့်စင်ရသည်မှာ အတော်လေး အဆင်ပြေသည်။ ထို့ကြောင့် ရန်ကျောက်ကဲ ယုံကြည်မှုလည်းတိုးလာသလို စိတ်သက်သာရာလည်းရသွားသည်။
သို့သော် နှစ်ခြမ်းကွဲနေသော စန့်ချုန်ကြေးမုံမှန်ကို ပြုပြင်ရန်က များစွာအားစိုက်ထုတ်ရမည်ဖြစ်ပြီး ကြေးမုံမှန်အတွင်းမှ နက်နဲသောအရာများကို ခွဲခြမ်းစိတ်ဖြာ နားလည်သဘောပေါက်ရန်မှာလည်း အချိန်များစွာ လိုအပ်သည်။
အချိန်ကနည်းပြီး လုပ်ရမည့်အလုပ်တွေက အများကြီးပင်။
ဝါဒတောင်တွင် ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ပြီးသည်နှင့် ရန်ကျောက်ကဲ မြေကမ္ဘာနယ်မြေသို့ နောက်တစ်ကြိမ် ခရီးထွက်ရပြန်သည်။ ထိုနေရာတွင်စခန်းချလျှက် အခြေအနေလေ့လာနေသောဖန်ကျွင်းနှင့် အမြင်များဖလှယ်ရင်း အနေအထားကို သုံးသပ်စောင့်ကြည့်ရသည်။
ထိုသို့ဖြင့် ဝါဒတောင်နှင် မြေကမ္ဘာနယ်မြေကြား ပြေးလိုက်လွှားလိုက်ဖြင့် အချိန်များ လျှင်မြန်စွာ ကုန်ဆုံးသွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အချိန်တစ်နှစ်ခွဲကြာသွားလေသည်။
YOU ARE READING
မိုးကောင်းကင်၏ မဟာအကြံအစည် (MM Translation) Part III
FantasíaHistory's Strongest Senior Brother Original Writer : August Eagle Part - 1807 Translated by Zin Pyay