Book 32 Chapter 448

61 8 0
                                    

Uni

အခန်း (၄၄၈) မျောလွင့်ဝိညာဉ်ကမ္ဘာက ရတနာပစ္စည်းသုံးမျိုး

လော့ကျင်းဟောင်နှင့် အခြားသူများက ရန်ကျောက်ကဲဘေးတွင်ရှိနေသော စူးယွင်ကို လှမ်းကြည့်လိုက်ကြသည်။

စူးယွင်က လေထဲတွင်ရှိနေသည့် မိန်းမျိုလေး၏ပုံရိပ်ကိုလှမ်းကြည့်ရင်း...

"သခင်လေးနဲ့ အတော့်ကို လိုက်ဖက်ညီမယ့် မိန်းမပျိုပဲ ၊ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ စရိုက်လက္ခဏာ ဘယ်လိုရှိမလဲ သိချင်လိုက်တာ"

ထိုစကားကိုကြားတော့ လော့ကျင်းဟောင်မှာ ကိုယ့်နဖူးကိုယ် ရိုက်မိမလို ဖြစ်သွားသည်။

စူးယွင်လေသံက နန်းတော်မှမယ်တော်ကြီးက ဘုရင်မင်းမြတ်အတွက် ကြယ်ယာတော်ရှာပေးသော လေသံမျိုးဖြစ်နေလေရာ သူတို့အားလုံး စကားမပြောနိုင်လောက်အောင် ဆွံ့အသွားကြရသည်။

ဖန်းယွင်ရှန်း ၊ ရွှီဖေးနှင့် ယင်လုန်ထူတို့ကတော့ လေထဲမှပုံရိပ်ကိုကြည့်ရင်း အလွန်တရာ အံ့အားသင့်သွားကြ၏။

ရန်ကျောက်ကဲ ပုံဖော်လိုက်သည့်မိန်းကလေးက သူတို့နှင့် အတော်လေးရင်းနှီးသူတစ်ယောက် ဖြစ်နေသည်။ သို့သော် သူမက မျောလွင့်တိညာဉ်ကမ္ဘာရှိ သွေးနီတိမ်တိုက်ဂိုဏ်းမှသိုင်းသမားတစ်ယောက်၏ အဝတ်အစားများ ဝတ်ဆင်ထားသဖြင့် သူတို့၏ ဂိုဏ်းတူညီမလေး 'စစ်ခုန်ချင်း' မဟုတ်သည်မှာ သေချာသည်။

ရွှီဖေးနှင့် ယင်လုန်ထူကိုအသာထား ၊ ဖန်းယွင်ရှန်းက ဖူအန်းစု၏တပည့်အဖြစ် စစ်ခုန်ချင်းနှင့် အချိန်များစွာကုန်ဆုံးခဲ့ပြီး အတူတကွ ပညာသင်ကြားခဲ့သူဖြစ်သည်။ သို့ဖြစ်ရာ သူမက မျက်လုံးမှိတ်ထားလျှင်တောင်မှ စစ်ခုန်ချင်းကို အမှတ်မှားစရာ အကြောင်းမရှိပေ။

ဖန်းယွင်ရှန်းနှင့် အခြားသူများ အံ့အားသင့်သွားသည်ကိုတွေ့တော့ ရန်ကျောက်ကဲက ပြုံးရင်း ရှင်းပြသည်။

"သူက ဂိုဏ်းတူညီမ‌လေး'စစ်ခုန်' မဟုတ်ပါဘူး"

ရွှီဖေးက မျက်မှောင်ကြုတ်ရင်း...

"ဒါဖြင့် အမွှာတွေလား ၊ အမွှာတွေဆိုရင်လည်း ကမ္ဘာခြားပြီး ဘယ်လိုလုပ်ကွဲကွာသွားရတာလဲ ၊ အဲဒီလိုတော့ မဖြစ်နိုင်ဘူး မဟုတ်လား"

မိုးကောင်းကင်၏ မဟာအကြံအစည် (MM Translation) Part IIIWhere stories live. Discover now