Uni
အခန်း (၄၇၃) ရန်တိ တံခါးပိတ်ကျင့်ကြံရာမှထွက်လာပြီ
ကျောက်စိမ်းပင်လယ်မြို့တော်ကို အမာခံထားလျှက် လူသားကျင့်ကြံသူများက မီးတောက်မိစ္ဆာများကို ခံစစ်တိုက်ခိုက်ခဲ့ကြသည်။
ထူးကဲယန်လက်သီးနှင့် ကျောက်စိမ်းပင်လယ်သဏ္ဌန်မဲ့ဓားသိုင်းကို ပင်မထားပြီး မိုးဖြိုပုဆိန် ၊ တိမ်စီးဆင်းဓားသိုင်း ၊ ထူးကဲယင်သရဖူနှင့် အဘိုးအို'မော့' ၏ပန်းချီကားတို ပူးပေါင်းလျှက် စွမ်းအားကို မြှင့်တင်ထားသည်။
ခိုင်ခံ့မာကျောမှုနှင့် ပျော့ပြောင်းမှုတို့ ပေါင်းစပ်ထားသော ယင်နှင့်ယန်ယှဉ်တွဲတည်ရှိခြင်းတန်ခိုးစွမ်းအားက ပေါက်ကွဲထွက်ကာ အထက်သို့ထိုးဖောက်သွားလေတိုင်း ပြင်းထန်သောစွမ်းအားများက အဆက်မပြတ် ထွက်ပေါ်လာသည်။
ကျင်းကျုန်းနှင့် အခြားသေသာ မီးတောက်မိစ္ဆာဘုရင်များက ကြောက်မက်ဖွယ်ရာ တညီတညွတ်တည်း ကြုံးဝါးလိုက်ကြပြီး ပတ်ဝန်းကျင်တစ်ခုလုံး မီးတောက်မီးလျှံများ ဟုန်းဟုန်းထလာသည်။
စွမ်းအားနှစ်ခု လေထဲတွင် ပြင်းထန်စွာ ရိုက်ခတ်မိကြသည်။
ယခု...
ကြီးမားသောခြေထောက်ကြီးတစ်ချောင်းက ကျောက်စိမ်းပင်လယ်မြို့တော်ကို ကောင်းကင်ကြီးပြိုကျသည့်ပမာ စောင့်နင်းချလိုက်သည်။
စုန့်ဝူလျန်နှင့် အခြားလူများ၏ မျက်နှာများသည် ပြာဝေသွားသည် ။
ကြီးမားသောခြေဖဝါးကြီးအောက်တွင် အဆက်မပြတ်တောက်လောင်နေသောမီးတောက်များနှင့်အတူ ပြင်းထန်သော ဖိအားများလည်းပါဝင်သည်။
ယခင်က မီးတောက်မိစ္ဆာများ၏ ကျူးကျော်ဝင်ရောက်မှုကို ကိုယ်တိုင်ကိုယ်ကျကြုံတွေ့ခဲ့ဖူးသော ၊ အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ ဝါရင့်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သော အဘိုးအို'မော့' ၏ မျက်နှာက နင့်နဲသွား၏။
"မဟာမီးတောက်မိစ္ဆာဘုရင်"
မဟာမီးတောက်မိစ္ဆာဘုရင်ကို အဘိုးအို'မော့' မှလွဲပြီး အခြားသူများ မကြုံတွေ့ဖူးကြသော်လည်း မည်မျှစွမ်းအားမြင့်မားကြောင်း အာရုံခံနိုင်ကြသည်။
YOU ARE READING
မိုးကောင်းကင်၏ မဟာအကြံအစည် (MM Translation) Part III
FantasyHistory's Strongest Senior Brother Original Writer : August Eagle Part - 1807 Translated by Zin Pyay