Book 33 Chapter 468

37 6 0
                                    

Uni

အခန်း (၄၆၈) ဒဏ္ဍာရီထဲကနေမင်းကျမ်းဂန်အမွေအနှစ်

ရန်ကျောကက်ကဲက အရှေ့တက်နေဝန်းအရှင်နှင့် အခြားသူများကို လှမ်းကြည့်လိုက်သည်။

အရှေ့တက်နေဝန်းအရှင်၏ ခံစားချက်ကင်းမဲ့သောမျက်ဝန်းများဖြင့် အကြည့်ချင်းဆုံသွားသည့်အခါ ရန်ကျောက်ကဲ ပြုံးလိုက်မိ၏။

ထိုအချိန် ကောင်းကင်ထက်မှ မိုးခြိမ်းသံများထွက်ပေါ်လာသဖြင့် အားလုံးက အတူတကွ ခေါင်းမော့ကြည့်လိုက်ကြသည်။ ချန်လီခေါင်းဆောင်လာသော ကောင်းကင်မိုးကြိုးခန်းမမှ ထိပ်တန်းသိုင်းသမားအချို့ ချောက်နက်ဆီသို့ ဆင်းသက်လာသည်ကို တွေ့ရသည်။

အန္တရယ်ချီများဖုံးလွှမ်းနေသည့် နက်ရှိုင်းသောနေရာသို့ ဂေဟာသခင်မအန်းချင်လင်သည်လည်း လှိုင်းနက်ဂေဟာမှ အကြီးအကဲများကို ဦးဆောင်လျှက် တစ်ဖက်မှ ရောက်ရှိလာသည်ကို တွေ့ရသည်။

ဟွမ်ကွမ်လီနှင့် ယွမ်ကျန်းဖုန်းတို့က သူတို့ကို အနည်းငယ်ခေါင်းညိတ်ပြရင်း နှုတ်ဆက်လိုက်သလို ချန်လီနှင့် အန်းချင်လင်တို့ကလည်း အချင်းချင်း ခေါင်းညိတ်နှုတ်ဆက်လိုက်ကြ၏။

ထိုစဉ် ချောက်နက်ကြီးအောက်ဘက်မှ အနက်ရောင်အခိုးအငွေ့များ ပြင်းထန်စွာမြင့်တက်လာပြီး ကြောက်မက်ဖွယ်ရာ စွမ်းအားအတက်အကျများလည်း ဖြစ်ပေါ်လာသည်။

ယွမ်ကျန်းဖုန်းနှင့် အခြားသောသိုင်းသူတော်စင်များမှလွဲပြီး ကျန်ရှိသော အမတလက်ဖွဲ့အဆင့် သိုင်းဆရာသခင်များမှာ ကြီးမားသောဖိအားကို ခံစားလိုက်ရပြီး ကိုယ်စီမျက်မှောင်ကြုတ်လိုက်မိကြသည်။

ဤနေရာ၌ ရှိသူများထဲတွင် ရန်ကျောက်ကဲတစ်ယောက်သာလျှင် အမတလက်ဖွဲ့အဆင့် သိုင်းဆရာသခင်အောက် ကျင့်ကြံခြင်းအဆင့်ရှိသူဖြစ်၏။ ထို့ကြောင့် ရန်ကျောက်ကဲ ခံစားရသည့်ဖိအားက အခြားသူများထက် ပိုမိုထင်ရှားပြီး များပြားလွန်းသည် အမှန်ပင်။

အန္တရယ်ချီများ သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်လာသည်နှင့် ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်မှ သွေးကြောဆုံချက်များ ၊ အသွေးများ ၊ အသားများအားလုံး ညှိုးနွမ်းခြောက်သွေ့လာသည်ကို ထင်ထင်ရှားရှား ခံစားရသည်။ ပိုပြီးအန္တရယ်များသည်မှာ အန္တရယ်ချီဖြင့်တိုက်ခိုက်ခံရသည့်အခါ သူ၏ခန္ဓာကိုယ်မှ ကြယ်တာရာချီစွမ်းအားအနှစ်သာရက မြင့်တက်လာပြီး ခန္ဓာကိုယ်ကို ပြန်လည်တွန်းကန်လိုသည့် လက္ခဏာများ ပြသလာခြင်း ဖြစ်၏။

မိုးကောင်းကင်၏ မဟာအကြံအစည် (MM Translation) Part IIIWhere stories live. Discover now