Uni
အခန်း (၄၂၆) မျက်မမြင်ကို အဖော်အချွတ်နဲ့လာမြှူဆွယ်နေသလိုပဲ
ရန်ကျောက်ကဲက အမူအရာမပျက် ဆက်လက်လှုပ်ရှားနေရင်း ဖန်းယွင်ရှန်း ၊ ရွှီဖေးနှင့် အခြားသူများကို အသံပို့လွှတ်စနစ်ဖြင့် အသိပေးလိုက်သည်။
"လက်ဖက်ရည်ကြမ်းမှာ ပြဿနာရှိနေတယ် ၊ တစ်ယောက်ယောက်ကတော့ ငါတို့ကို လုပ်ကြံနေပြီ"
ဖန်းယွင်ရှန်းနှင့် ရွှီဖေးက လက်ဖက်ရည်ကြမ်းပန်းကန်များကို မကိုင်ရသေးပေ။ သူတို့၏ ပန်းကန်များက စားပွဲထက်တွင် ရှိနေဆဲဖြစ်သည်။ သို့သော် အားဟူနှင့် ယင်လုန်ထူတို့ကတော့ လက်ဖက်ရည်ကြမ်းပန်ကန်များကို လက်ထဲကိုင်ထားပြီးကြပေပြီ။
ရန်ကျောက်ကဲ အသံပို့လွှတ်စနစ်ဖြင့် သတိပေးလိုက်သည့်အခါ ယင်လုန်ထူက ချက်ချင်းပင် ထိတ်ထိတ်ပြာပြာ ဖြစ်သွားသည်။
လူငယ်လေး၏ မူမမှန်မှုကြောင့် လက်ဖက်ရည်ကြမ်းတည်ခင်းပေးနေသော မိန်းမပျိုလေးက စူးစမ်းလိုစိတ်ဖြင့် လှမ်းကြည့်သည်။
ရန်ကျောက်ကဲကပြုံးရင်း ယင်လုန်ထူလက်ထဲမှ အကြမ်းပန်းကန်ကို လှမ်းယူလိုက်၏။
"ဘာလဲ... အရမ်းပူနေလို့လား"
ဟန်လုန်အာလေးက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ခေါင်းညိတ်ပြသည်။
အားဟူကတော့ လက်ဖက်ရည်ကြမ်းပန်းကန်ကို နှုတ်ခမ်းတွင်တေ့ရင်း ပါးစပ်ထဲသို့ မဝင်စေဘဲ ဟန်ဆောင်သောက်လိုက်သည်။
"သခင်လေး... လက်ဖက်ရည်ကြမ်းမှာ ဘာပြဿနာရှိလို့လဲ"
ရန်ကျောက်ကဲက ပြုံးရင်း လက်ဖက်ရည်ကို လျှာဖျားလေးဖြင့် အသာတို့ထိလိုက်သည်။
"ငါတို့ကို ဒီလိုလာလုပ်တာ မျက်မမြင်ကို အဖော်အချွတ်နဲ့ လာြမှူစွယ်နေသလိုပဲ ၊ တကယ်တော့... ဒီလက်ဖက်ရည်ကြမ်းကိုသောက်လိုက်လို့လည်း ဘာမှမဖြစ်ပါဘူး"
ထိုစကားကိုကြားတော့ ဖန်းယွင်ရှန်းနှင့် ရွှီဖေးတို့က ပြုံးလိုက်ပြီး စားပွဲပေါ်မှ အကြမ်းပန်းကန်များကို ကောက်ယူကာ ပေါ့ပေါ့ပါးပါးပင် သောက်လိုက်ကြသည်။
YOU ARE READING
မိုးကောင်းကင်၏ မဟာအကြံအစည် (MM Translation) Part III
FantasyHistory's Strongest Senior Brother Original Writer : August Eagle Part - 1807 Translated by Zin Pyay