အချိန်ကားည ၁၂:၀၀။
အိမ်တော်ကြီးထဲသို့ ကားအနက်တစ်စီးသည်အရိှန်ပြင်းစွာဖြင့် ဝင်ရောက်သည်။ထိုကားကိုမောင်းနှင်လာသူသည် အခြားသူမဟုတ်
မိုးထက်ယံပင်ဖြစ်သည်။ကားကိုရပ်လိုက်သည်နှင့် ကားပေါ်မှချက်ချင်းဆင်းကာ အိမ်အပေါ်ထပ်ဆီသို့ဉီးတည်ခဲ့သည်။
ဒုန်း *
အိပ်ခန်းတံခါးကိုခပ်ကြမ်းကြမ်းဆွဲဖွင့်လိုက်သည် နှင့်မိုးထက်ယံ မျှော်လင့်ထားသလို သူမကအခန်းထဲမှာရိှမနေပေ။
သူမ အင်း သိပ်ကိုလျှို့ဝှက်ဆန်းကြယ်လွန်းတဲ့သူမ။မိုးထက်ယံ၏ ချစ်သူ လေပြေသွေးပင်။အပြောအဆို ၊အနေထိုင်အလွန် သိမ်မွေ့သောမိန်းကလေးတစ်ယောက်။သို့သော် သူမ၏ရိုးရှင်းလွန်းသောပုံစံသည် လုံးဝနားမလည်နိုင်သည့် အမှောင်ခြမ်းတစ်ဖက်ကို ဖုံးထားသည်မှာ မိုးထက်ယံ ကောင်းကောင်းသိသည်။
အတွေးလွန်ကာ သတိတစ်ချက်လွတ်တုန်း
ပွင့်လာတဲ့ရေချိုးခန်းတံခါးနဲ့အတူ သူရဲ့ချစ်သူ လေပြေသွေးကို တွေ့လိုက်ရသည်။
သူမပုံစံက သိပ်ကိုအပြစ်ကင်းသည်။သို့သော်သိပ်ကိုကြောက်စရာကောင်းသည်ဟုလည်း မြင်နေမိသည်။"မင်း ဘာတွေလုပ်နေတာလဲ လေပြေ "
သူမက ရေစိုနေသောဆံပင်တွေကိုရေသုတ်နေသည်။ထို့နောက် မှန်တင်ခုံရှေ့ကို ဖြည်းညင်းစွာထိုင်ချကာ မိုးထက်ယံကို တစ်ချက်မျှ ဂရုမစိုက်ပေ။သူမရဲ့ နက်ဆွေးဆွေးဆံပင်တွေကိုသာ ခပ်ကြမ်းကြမ်းဖိသုတ်နေသည်။
"ငါမေးနေတယ်လေ လေပြေသွေး"
"ရှင်ဘာတွေမေးနေလဲဆိုတာ
ကျွန်မ မသိဘူး"မိုးထက်ယံသည် ဒေါသအတော်ထွက်နေပြီမို့သူမရိှရာဆီလျှောက်ကာ သူမပုခုံးကိုဆွဲကိုင်ပြီး သူနှင့်မျက်လုံးခြင်းဆုံစေသည်။ထိုအခါ သူမ၏ အပြစ်ကင်းစင်သောမျက်လုံးများက သူကိုဆီးကြိုသည်။
ထိုအရာ ဆွဲဆောင်မှုအားပြင်းလွန်းသော သူမ၏မျက်ဝန်းအိမ်ကို စိုက်ကြည့်မိထဲက မိုးထက်ယံ သူမထံမှ ရုန်းမထွက်နိုင်အောင်ဖြစ်ခဲ့သည်။
![](https://img.wattpad.com/cover/363382958-288-k409715.jpg)
YOU ARE READING
ဗီလိန်(ဝတ္ထုထဲသို့ ကူးပြောင်းခြင်း)
Fantasyဘယ်လိုအကြောင်းတွေပဲဖြစ်လာလာ ကိုယ်ကမင်းကိုကာကွယ်ပေးမှာမို့... ပျောက်ကွယ်သွားဖို့မကြိုးစားပါနဲ့ ကိုယ့်ရဲ့ကလေးငယ်။ {Start} 20.2.2024 {End} 1.4.2024