ဇာတ်သိမ်းပိုင်း

2.7K 80 0
                                    

ဆုပ်ကိုင်ထားတဲ့လက်တစ်စုံဟာ အနည်းငယ်လှုပ်လာသည်ဟု စိုင်းခက်ဇေ ထင်မိသည်။သို့သော်ထင်ယောင်ထင်မှားဖြစ်နေနိုင်သည်မို့ သူ မယုံရဲပေ။

စိုင်း ဟာ အရိပ်ကလေးကိုစိုက်ကြည့်လိုက်သည်။ထူးခြားသည်က အနည်းငယ်လှုပ်လာတဲ့မျက်တောင်လေးတွေ။

ထိုမျက်တောင်လေးတွေဖွင့်လာတဲ့ အခါ မျက်ဝန်းညိုညိုလေးတွေဟာ သူ့ကိုစိုက်
ကြည့်နေသည်။

သူသိပ်လွမ်းနေခဲ့ရတဲ့ မျက်ဝန်းညိုလေးတွေ။

"ကလေးငယ် .."

ကြင်ကြင်နာနာခေါ်ပြီးလက်လေးတွေကို တင်းတင်းဆုပ်ကိုင်မိသည်။အရိပ်ကလေးဟာ သူ့ကိုကြည့်မြဲ။

"ကိုယ် ဆရာဝန်သွားခေါ်လိုက်မယ်"

စိုင်းကပြောတော့ အရိပ်ကလေးဟာ စိုင်းရဲ့လက်ကိုလွှတ်မပေးပဲ ဆုပ်ထားသည်။

"အနားမှာ နေ ပေး ပါ.."

တိုးလွှာသောအသံလေးနှင့်ပြောလာသည့်အရိပ်ကလေးကို စိုင်းဟာထွေးပွေ့လိုက်သည်။

ဒီရင်ခွင် ကိုသူသိပ်လွမ်းနေခဲ့တာ။

"ကိုယ်..ဘယ်လောက်တောင်လွမ်းနေရလဲ
သိလား.."

အရိပ်ကလေးဟာ သူ့ကိုခပ်ဖွဖွဖက်ထားကာ ကျောကုန်းကို နှစ်သိမ့်ဟန် လက်လေးနှင့်ပုတ်ပေးသည်။

"သိတာပေါ့ ဒါကြောင့်ငါမင်းဆီပြန်လာခဲ့တာ"

စိုင်းဟာ ကလေးတစ်ယောက်လိုမျိုးသူ့ရဲ့
ပုခုံးပေါ်မှာမေးတင်ထားသည်။ထို့နောက် သူ့ရဲ့ပခုံးပေါ်မှာ အနည်းငယ်စိုစွတ်လာသည်ဟု ခွန်းခက်ပိုင်ထင်မိသည်။

"ငိုနေတာလား စိုင်း.."

စိုင်းဟာ ပြန်ဖြေချင်ပုံမရ။ဒါကြောင့် ခွန်းခက်ပိုင်ဟာဆက် မမေးဖို့ဆုံးဖြတ်လိုက်သည်။
စိုင်းဘယ်လောက်လွမ်းနေကြောင်းကို သူခံစားမိသည်။

"ကလေးငယ် မင်းမရိှတဲ့ရက်တွေမှာ ကိုယ်လုံးဝအဆင်ပြေမနေခဲ့ဘူးသိလား"

"အင်း သိတယ်ဒါကြောင့်မငိုပါနဲ့ စိုင်း
မင်းရဲ့မျက်ရည်တွေက ငါ့ကိုနာကျင်စေတာ သိလား"

ဗီလိန်(ဝတ္ထုထဲသို့ ကူးပြောင်းခြင်း)Where stories live. Discover now