အပိုင်း(၁၃)

1.8K 73 0
                                    

တိတ်ဆိတ်မှောင်မဲလှသော အိမ်တော်ကြီးထဲတွင် စန္ဒားသံသဲ့သဲ့မျှကြားနေသည်။တစ်အိမ်လုံးသည် အမှောင်အတိကျနေကာ သက်ရိှဟူ၍ စန္ဒားသံပိုင်ရှင်တစ်ယောက်နှင့် ထိုအနီးနားတွင်ထိုင်နေသောလူတစ်ယောက်သာရိှသည်။

ခဏအကြာ အသံပိုင်ရှင်က စန္ဒားပေါ်တွင်ပြေးလွှားနေသော လက်ချောင်းလေးများကိုရပ်တန့်လိုက်သည်။

"မမလေး အများကြီးတိုးတက်လာတာပဲ"

ကောင်မလေး တစ်ယောက်ရဲ့ ချီးကျူးသံသဲ့သဲ့က ထွက်ပေါ်လာသည်။စန္ဒားသံပိုင်ရှင်ကတော့ တစ်ခုခုအတွက်ပူပင်နေသလိုပင်။ခဏအကြာ စကားသံတစ်ခုက ရှင်းလင်းစွာထွက်ပေါ်လာသည်။

"လီလီ မင်းကတို့အားကိုးရတဲ့
လူတစ်ယောက်နော်"

"ဟုတ် မမလေး"

မမလေးရဲ့ အသံမှာ ပူလောင်ခြင်းတွေအပြည့်နှင့်။တကယ်ဆိုရင် သူပဲ အဲ့ဒီ့ပူလောင်မှုတွေ ခံစားချင်မိသည်။မမလေး ရဲ့ ဒီလိုပုံစံမျိုးကိုသူသဘောမကျပေ။

"တကယ်လို့ ထက်ယံနဲ့စိုင်းခက်ဇေ
တစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် ထက်ယံ ကို
ကာကွယ်ပေးပါ လီလီ"

လီလီဟာ လေပြေရဲ့ အရင်းနှီးဆုံးလူသားလေး။
ငယ်စဉ္ကတည်းက လီလီ က လေပြေ တစ်ယောက်ထဲကိုပဲကြည့်ခဲ့သည်။သူ့ရဲ့ကျေးဇူးရှင်ဖြစ်သလို မမလေးဟာ သူသိပ်မြတ်နိုးရတဲ့အမျိုးသမီးတစ်ယောက် လည်းဖြစ်သည်။

သူမြတ်နိုးရသော မမလေးက သူ့ရဲ့ချစ်သူ
မိုးထက်ယံ ကိုကာကွယ်ဖို့အကူညီတောင်းခဲ့သည်။
ရက်စက်လိုက်လေခြင်း။

"စိတ်ချပါ မမလေး လီလီ သေချာပေါက်                  အဲ့ဒီ့လိုလုပ်မှာပါ"

မမလေးဟာ သူ သိပ်ချစ်တဲ့သူမဟုတ်လား။

"စိုင်း တို့ဘက်အခြေနေဘာထူးသေးလဲ"

မမလေးဟာ သူကို သခင်လေး စိုင်းခက်ဇေ ဆီမှာလွှတ်ထားတာ လေးနှစ်လောက်ရိှပြီဖြစ်သည်။ထို့ကြောင့် သခင်လေးရဲ့
ခြေလှမ်းတွေအကုန်လုံးကို မမလေးက အတိအကျသိနေသည် မှာ မထူးဆန်းပေ။

မမ လေးဟာ သိပ်ကိုအကွက် မြင်တတ်သူတစ်ယောက်။

"မရိှပါဘူး မမလေး ဒါပေမဲ့ ခွန်းခက်ပိုင် ဆိုတဲ့သူကတော့ ထူးထူးဆန်းဆန်း လီလီနဲ့ သူငယ်ချင်းလုပ်ရအောင်တဲ့ "

ဗီလိန်(ဝတ္ထုထဲသို့ ကူးပြောင်းခြင်း)Where stories live. Discover now