ကားအနက်လေးသည် ကြီးမားသောအဆောက်ဉီးရှေ့တွင်ရပ်လိုက်သည်။စိုင်းခက်ဇေ သည်အတော်ပင်တည်ငြိမ်နေခဲ့သည်။
သူ့မှာဖြင့်ရင်တထိတ်ထိတ်။ကိုယ်ဖန်တီးဇာတ်ကောင်တွေကို အပြင်မှာတွေ့ရခြင်းကအလွန်ပင်စိတ်လှုပ်ရှားဖို့ကောင်းသည်။
အဓိက ဇာတ်ဆောင်မိုးထက်ယံ နှင့် သူ့ချစ်သူ လေပြေသွေး သည် ဒီပွဲထဲ၌ရိှနေလိမ့်မည်။ကံကောင်းပါက ထိပ်တိုက်တောင်တွေ့နိုင်သည်။
အတွေးများနေစဉ္ စိုင်းသည် သူ့လက်ကိုရုတ်တရက်ဆုပ်ကိုင်လာသည်။ထို့နောက် စိုင်းပြောသောစကားတစ်ခွန်းက သူ့ရင်ကိုလှိုက်ခနဲဖြစ်စေသည်။
"ငါ့လက်ကို မဖြုတ်နဲ့"
စိုင်းသည် အလွန်နွေးထွေးတတ်တဲ့လူသားမျိုးမဟုတ်ပါ။သူ့အပေါ်မှာတော့တစ်ခါတစ်ရံဂရုစိုက်တတ်သည့်စိုင်းကို သူကာကွယ်ပေးချင်မိသည်။
အဖြူရောင်သံယောဇဉ္ကြိုးလေးသည် ထိုလူသားနှစ်ယောက်ကိုရစ်ပတ်ကာချည်နှောင်နေပြီဖြစ်ကြောင်းကို ကာယကံရှင် နှစ်ယောက်ကတော့သိမည်မဟုတ်ပါ။
စိုင်းသည် သူ့လက်ကိုဆွဲကာ ခန်းမထဲကိုဝင်ခဲ့သည်။သူပြောသည့်အတိုင်း စိုင်းကမိန့်ခွန်းကိုမပြောခဲ့ပေ။
သူ့အစား ဝေယံပိုင် ဆိုသော လက်ထောက်တစ်ယောက်က ပြောသည်။
အစပိုင်းတော့အားလုံးတည်တည်ငြိမ်ငြိမ်ပင်ဖြစ်သည်။ဝေယံပိုင် သည် အဓိကဇာတ်ဆောင်၏ဖိုင်များကိုထုတ်ပြမည့်အချိန်တွင် အပေါ်မှမီးဆိုင်းကြီးသည် သူခေါင်းပေါ်သို့ပြုတ်ကျလာသည်။ဒုန်း!!
ခန်းမထဲကလူတွေကရုတ်ရုတ်သဲသဲဖြစ်သွားသော်လည်း သူတို့နှစ်ယောက်ကအလွန်ပင်တည်ငြိမ်နေသည်။
စိုင်းသည် သူ့ကိုစိုက်ကြည့်နေသည်။စိုင်းမျက်နှာတွင်စိတ်ပူသောအရိပ်အယောင်ရိှပေမဲ့လို့ တည်တည်ငြိမ်ငြိမ်ပင်ြဖစ်သည်။
စိုင်းကတော့သူ့ကိုကြည့်ကာ ခပ်ပြတ်ပြတ်ပြောသည်။"မင်းအရင်ပြန်နှင့် ငါ့လူတွေလိုက်ပို့ပေးလိုက်မယ်"
"မင်းကရော စိုင်း"
"လုပ်စရာရိှသေးတယ်"
စိုင်းပြောတဲ့အတိုင်း သူအိမ်ကိုပြန်ဖို့အတွက်ထိုင်နေရာကထပြီး အပြင်ဘက်ကိုလျှောက်လာလိုက်သည်။သို့သော်မထင်မှတ်ထားတဲ့မြင်ကွင်းတစ်ခု။
ထောင့်တစ်နေရာတွင် လူတစ်ယောက်ဖုန်းပြောနေသည်။ထိုသူသည် အရပ်မြင့်မြင့်အသားအတော်ဖြူသည်။သူလက်ဖျံတွင် မြွေပုံစံတက်တူးသေးသေးလေးတစ်ခု။
ထိုသူသည် အဓိကဇာတ်ဆောင် မိုးထက်ယံ ပင်ဖြစ်လိမ့်မည်။
သူမျက်လုံးမမှားနိုင် ။ခွန်းခက်ပိုင် ခပ်မြန်မြန်ပဲအကွယ်တစ်ခုကိုယူလိုက်သည်။သေချာသည်မှာ မိုးထက်ယံသည် မကောင်းတာတစ်ခုခုကိုကြံနေပြီ။
မိုးထက်ယံ၏စကားပြောသံများကိုသူအတိုင်းသားကြားနေရသည်။"ငါသိသားပဲ စိုင်းခက်ဇေ သူက
ငတုံးကောင်လေ ငါ့ကိုလွယ်လွယ်ဖြုတ်ချနိုင်မယ်လို့ထင်နေတာ ဟားဟား.."မိုးထက်ယံသည် ပျော်ရွှင်နေပုံရပြီး သူစိုင်းကို မီးဆိုင်းပိသွားသည်ဟုထင်နေရှာသည်။စိတ်မကောင်းစရာပင်။သူဆက်နားထောင်ချင်စိတ်မရိှတော့တာကြောင့်အပြင်ဘက်ကိုထွက်လာခဲ့သည်။
အပြင်ဘက်တွင် အနက်ရောင်ကားတစ်စီးရပ်ထားသည်။ထိုကားသူ စိုင်းနှင့်သူစီးလာသော ကားဖြစ်သည်။ကားပေါ်သို့တက်ကာ မျက်လုံးများကိုမိှတ်ချလိုက်သည်။ခွန်းခက်ပိုင် မသိခဲ့သည်မှာ သူဒီကမ္ဘာထဲရောက်လာထဲက ဇာတ်လမ်းသည်ပြောင်းလဲသွားပြီဖြစ်သည်။
သို့သော်အဆုံးသတ်ကို သူပြောင်းလဲနိုင်မည်လား။
YOU ARE READING
ဗီလိန်(ဝတ္ထုထဲသို့ ကူးပြောင်းခြင်း)
Fantasiaဘယ်လိုအကြောင်းတွေပဲဖြစ်လာလာ ကိုယ်ကမင်းကိုကာကွယ်ပေးမှာမို့... ပျောက်ကွယ်သွားဖို့မကြိုးစားပါနဲ့ ကိုယ့်ရဲ့ကလေးငယ်။ {Start} 20.2.2024 {End} 1.4.2024