"ငါ..မင်းကိုသဘောကျတယ်"
"ဟင်..!"
ရုတ်တရက်ဆန်စွာပြောလာတဲ့စကား
ကြောင့် သူကြောင်အသွားသည်။စိုင်းက
သူ့ကိုသဘောကျသည်တဲ့လေ။"မင်း မူးနေလို့ ဟုတ်တယ်မလား"
"အင်းမူးနေတာ "
စိုင်းပြောလာတဲ့စကားကြောင့် နည်းနည်းတော့စိတ်မကောင်းဖြစ်မိသည်။
သို့သော် တော်ပါသေးရဲ့ဟူသော
အတွေးက လည်းဝင်ရောက်လာသည်။"ဒါပေမဲ့ မင်းကိုပြောတဲ့စကားတွေက
အတည်ပါ.. ခွန်းခက်ပိုင် ..
ကိုယ့်ကို စဉ္းစားပေးမယ်မဟုတ်လား"သူ့မျက်လုံးကိုတည့်တည့်ကြည့်ကာ ပြောလာသူကြောင့်ရင်ခုန်သံတွေက ထိန်းမရ။
သူကရော စိုင်းကိုသဘောမကျခဲ့လို့လား။ဒါပေမဲ့ ချက်ချင်းအဖြေပေးတာတော့
မဖြစ်သင့်ဟုထင်မိသည်။"ငါ..ငါစဉ္းစားဉီးမယ် စိုင်း"
"ဟုတ်ပြီ အချိန်တစ်ရက်ပေးမယ်"
အချိန်တစ်ရက်ဆိုတာသည် စိုင်းခက်ဇေ အတွက် အလွန်ကိုကြာမြင့်မည့်တစ်ရက်ပင်။စိုင်း သည်စိတ်ရှည်တတ်သူတော့ မဟုတ်ပေ။ဒါပေမဲ့ သူ့ရဲ့ကြင်သူစိတ်ချမ်းသာဖို့ရာ
တစ်ရက်ကတော့ သူစောင့်နိုင်ပါသည်။"တစ်ပတ် .."
"ဟင်!"
"တစ်ပတ်အချိန်ပေး"
ထိုစကားက စိုင်း ခေါင်းပေါ်မိုးကြိုးပစ်ချလိုက်သလိုပင်။တစ်ရက်ကို တောင် မနည်းစောင့်ရမှာ တစ်ပတ်ဆိုတဲ့အချိန်က စိုင်း အတွက်အတော်ခံရခက် မည့်ရက်တွေပါပဲ။
"ရတယ်လေ မင်းသဘောကျပေါ့
တစ်ပတ်ထက်တော့ပိုမကြာပါနဲ့
ကိုယ်မစောင့်နိုင်ဘူး""အင်း ဒါပေမဲ့တစ်ခုရိှတယ်"
"ပြော"
"အဲ့ဒီ့တစ်ပတ်အတွင်း
မင်းငါ့ကိုလာမတွေ့ရဘူး""ဘယ်လို!"
ခွန်းခက်ပိုင်သည် ပြောလိုက်ရင်စောက်ဆန်း ကြီးတွေပဲဖြစ်သည်။တစ်ပတ်အတွင်းမှာ လာမတွေ့ရဘူးဆိုတာဘာကြီးလဲ။
"အဲ့တာလောက်ကို မလုပ်နိုင်ရင်တော့
ငါမင်းကိုမစဉ္းစားပေးနိုင်ဘူး"
YOU ARE READING
ဗီလိန်(ဝတ္ထုထဲသို့ ကူးပြောင်းခြင်း)
Fantasiဘယ်လိုအကြောင်းတွေပဲဖြစ်လာလာ ကိုယ်ကမင်းကိုကာကွယ်ပေးမှာမို့... ပျောက်ကွယ်သွားဖို့မကြိုးစားပါနဲ့ ကိုယ့်ရဲ့ကလေးငယ်။ {Start} 20.2.2024 {End} 1.4.2024