တိတ်ဆိတ်မှောင်မဲနေသော မြေအောက်ခန်းတစ်ခုအလယ် လူသုံးယောက် ကြိုးတုပ်ခံထားရသည်။
သုံးယောက်လုံးက အသက်ရိှနေတုန်းဖြစ်ပေမဲ့လို့ ခန္ဓာကိုယ်မှာ သိပ်ကြည့်လို့မကောင်းပေ။သွေးရဲရဲများက ခန္ဓာကိုယ်ထက်စီးကျနေသည်။
ကျွီ**
တံခါးဖွင့်သံနှင့်အတူ လူနှစ်ယောက်ဝင်လာသည်။
ထိုလူနှစ်ယောက်ဝင်လာသည်နှင့် ကြိုးတုပ်ခံထားရသောလူများမှာ အလွန်ပင်ကြောက်ရွံ့နေကြသည်။ထိုသူနှစ်ယောက်က တစ်လှမ်းခြင်းလျှောက်လာကာ ကြိုးတုပ်ထားတဲ့ပထမ လူဆီသို့သွားလိုက်သည်။
"ငါ့တပည့်လေး လက်စွမ်းပြထားသေးတာပဲ
ဘယ်လိုလဲ အရသာ"စိုင်းရဲ့ အသံကြောင့် ထိုလူဟာရိှခိုးမတတ်တောင်းပန်သည်။စိုင်း ကဆူညံမှုတွေကိုမုန်းသည်။
ဒါကြောင့်မို့ ထိုလူဟာ သေမင်းနှင့်အနီးဆုံးနေရာမှာရိှနေပြီဖြစ်သည်။
"ကျွန်တော်တို့ ..သခင်လေးခိုင်းလို့ လုပ်ရတာပါ ကျွန်တော့်ကိုမသတ်ပါနဲ့ ကျွန်တော်.. "
ဒိုင်း!*
သေနတ်သံတစ်ချက်က ပြတ်ပြတ်သားသားထွက်ပေါ်လာပြီး စကားများနေသောထိုသူရဲ့ပါးစပ်မှာ ငြိမ်ကျသွားသည်။
"စကားအရမ်းများတယ်"
စိုင်းက သေနတ်အစား စားပွဲပေါ်မှာရိှနေတဲ့ ဓားမြှောင်တစ်ချောင်းကို ကောက်ယူလိုက်သည်။ထို့နောက်ဒုတိယလူဆီသို့။
"အဲ့ဒီ့ကောင် ဘယ်မှာလဲ"
"မသိဘူး"
ဒုတိယလူဟာ သိပ်ကိုသစ္စာရိှသည်။ဒီလိုလူမျိုးဟာ သတ်ပစ်ဖို့နှမျောစရာပင်။
စိုင်းဟာ နှုတ်ခမ်းတစ်ဖက်ကိုမဲ့ကာ ပြုံးပြလိုက်သည်။ထိုအပြုံးဟာ ချောက်ချာစရာကောင်း လွန်းသည်။"ဝေယံ ပျော်စရာလေးတွေ လုပ်ကြမလား"
စိုင်းရဲ့စိတ္တဇဆန်ဆန်ရယ်သံက ထွက်ပေါ်လာပြီးနောက် အော်သံတွေက မြေအောက်ခန်းဆီက အဆက်မပြတ်ထွက်လာကြသည်။
စိုင်းဟာ အနည်းငယ်စိတ္တဇ ဆန်သည်။ရက်စက်သွေးအေးသည်။အတ္တချိုပြောသော စိုင်း ရဲ့အခြားတစ်ဖက်ဆိုတာ ထိုအရာတွေပင်လား။
YOU ARE READING
ဗီလိန်(ဝတ္ထုထဲသို့ ကူးပြောင်းခြင်း)
Fantasyဘယ်လိုအကြောင်းတွေပဲဖြစ်လာလာ ကိုယ်ကမင်းကိုကာကွယ်ပေးမှာမို့... ပျောက်ကွယ်သွားဖို့မကြိုးစားပါနဲ့ ကိုယ့်ရဲ့ကလေးငယ်။ {Start} 20.2.2024 {End} 1.4.2024