အပိုင်း(၁၉)

1.6K 69 1
                                    

ဒီနေ့ဆိုရင် ခွန်းခက်ပိုင် ပျောက်နေတာ
နှစ်ရက်ရိှ​ပြီဖြစ်သည်။နေရာအတိအကျ
မသိရသေးသလို ဒဏ်ရာရထားသည်မို့ စိတ်ပူမိသည်။

အတ္တချိုဟာ တော်တော်ယုတ်မာတဲ့မိန်းမ။
သူမကိုဒီအတိုင်းသတ်ပစ်ခဲ့ရတာတော်တော်နှမျောမိသည်။တကယ်ဆို မြေအောက်ခန်းထဲထည့်ထားပြီးမသေမရှင် နှိပ်စက်သင့်တာ။

စိုင်းဟာ အခန်းထဲကခုံတစ်လုံးပေါ်မှာထိုင်ကာ အတွေးများနေသည်။ခွန်းခက်ပိုင် ရဲ့သတင်းကိုတော့ သူ့လက်ထောက်နှစ်ယောက်စုံစမ်းနေသည်မို့ မကြာခင်သိရတော့မည်ဟုထင်မိသည်။

သူထင်သည့်အတိုင်းပါပင်။

"ဆရာ.."

"ဆရာ.."

ပြိုင်တူအော်သံနှင့်အတူဝင်လာသည်က
ဝေယံပိုင်နဲ့ မင်းသီဟ။နှစ်ယောက်စလုံးရဲ့မျက်နှာဟာ အရေးကြီးဟန်ရိှနေသည်။
ထိုနှင့်အတူ ဖော်မရသော ခံစားချက်တွေကိုလည်းမျက်ဝန်းထဲကတွေ့နေရသည်။

"ဘာဖြစ်လာတာလဲ"

"ကျွန်တော်တို့ 
တည်နေရာကိုသိခဲ့ပါပြီဆရာ"

မင်းသီဟ ကပြောသည်။သူ့ပုံစံကလေးနက်သည့်ပုံစံပေါက်နေတာကြောင့် ဝေယံပိုင်တောင် အံ့ဩမိသည်။

"ပြော.."

"မြို့ထဲက နာမည်ကြီးအိမ်ယာတစ်ခုထဲမှာပါ
အဲ့ဒီ့မှာ လူတွေအများကြီးချထားပါတယ်
ပြီးတော့.."

"ပြီးတော့ဘာဖြစ်လဲ"

မင်းသီဟ ကဆက်ပြောသည်။သူ့ပုံစံဟာ အနည်းငယ် မဝံ့မရဲ ဖြစ်နေသည်။

"အဲ့ဒီ့မှာ ဆရာ့အကိုလည်းရိှနေပါတယ်"

ဒေါသတွေက အထွတ်အထိပ်သို့ရောက်သွားလေပြီ။
မင်းသီဟကတော့ မပြောလိုက်ရကောင်းသားဆိုသောအတွေး ဟာဝင်လာသည်။ဝေယံပိုင် ဟာ မင်းသီဟရဲ့ပခုံးပေါ်ကို နှစ်သိမ့်ဟန်
နှစ်ချက်ပုတ်လိုက်သည်။

"ဆရာအဆင်ပြေမှာပါ ဘာမှမဖြစ်ဘူး"

ဝေယံဟာ တိုးတိုးလေးအနားကပ်ပြောသည်။

စိုင်းဟာ လက်သီးတွေကိုတင်းကျပ်အောက်ဆုပ်ထားသည်။သူဘယ်လောက်ဒေါသထွက်နေမှန်း သိသာလွန်းသည်။

ဗီလိန်(ဝတ္ထုထဲသို့ ကူးပြောင်းခြင်း)Where stories live. Discover now