အပိုင်း(၁၀)

1.9K 88 0
                                    

စိုင်းနဲ့အတူအန်တီ့ကိုကန်တော့ပြီးနောက်ပိုင်း သူတို့နှစ်ယောက်အခြေအနေကပိုနီးစပ်လာသလိုပင်။
စိုင်းက သူ့ဆီကအဖြေမရသေးပေမဲ့လည်း *ကိုယ့်ရဲ့ကလေးငယ် * ဟူသောနာမ်စားကိုဖောဖောသီသီသုံးသည်။
တစ်ခါတစ်ရံမှသာ သူ့နာမည်အရင်းကိုခေါ်တတ်သည်။

ဒေါက် ဒေါက်**

အတွေးများနေစဉ္တခါးခေါက်လာသောကြောင့်အနည်းငယ်လန့်သွားသည်။
သူဘာလာလုပ်ပြန်ပြီလဲ။

"ဘာလဲ"

"ကိုယ့်ရဲ့ကလေးငယ်ကလည်း
စိမ်းကားလှချီလား"

"မင်းကိုကြောက်လို့လေ"

ထိုအခါ စိုင်းကရယ်ကျဲကျဲဖြင့်

"ကိုယ်အပြင်သွားမလို့
မင်းများလိုက်ချင်မလားလို့"

"ဟင့်အင်း မလိုက်ဘူး"

"ဒါဆို ကိုယ်သွားပြီနော်"

ထိုအချိန် ခွန်းခက်ပိုင်တွင်ရုတ်တရက်အတွေးတစ်ခုဝင်လာသည်မှာ လေပြေသွေး။စိုင်းမရိှတုန်းသူမဆီ ခွန်းခက်ပိုင် သွားမှဖြစ်မည်။

"စိုင်း"

"ဟင်"

"မင်း ဘယ်အချိန်ပြန်လာမှာလဲ"

"ညနေ ၆ နာရီ ဘာလဲ ကိုယ့်ကလေးငယ်က
ကိုယ့်ကိုစောင့်မလို့လား"

"ဆုတောင်းလေ"

သိချင်တာသိလိုက်ရပြီမို့တံခါးကို ဆောင့်ပိတ်လိုက်သည်။အ​ြပင်ကလူဘယ်လိုထင်ထင် သူစိတ်မဝင်စားပါ။ဒါသူ့အတွက်အခွင့်အရေးပင်။

ချက်ချင်းရေချိုးခန်းထဲဝင်ကာ ရေချိုးသန့်စင်လိုက်သည်။အင်္ကျီအဝတ်စားလဲကာ အောက်ထပ်ကိုဆင်းလာလိုက်သည်။အောက်ထပ်တွင် ဘယ်သူမှရိှမနေပေ။ကံကြမ္မာက သူ့ဘက် မှာပဲ။

...

လေပြေသွေးပေးခဲ့သော လိပ်စာကတ်အတိုင်းသူလိုက်လာခဲ့သည်။ထိုနေရာကားကော်ဖီဆိုင်တစ်ခုပင်။

ကော်ဖီဆိုင်နာမည်က Sky Blue ။ဆိုင်နာမည်နှင့်လိုက်အောင်ပင် ဆိုင်တစ်ခုလုံးကိုအပြာရောင်အဓိကသုံးထားသည်။ဆိုင်ပုံစံက ရိုးရိုးရှင်းရှင်းလေးနှင့် ချစ်စရာလေးပင်။

ဗီလိန်(ဝတ္ထုထဲသို့ ကူးပြောင်းခြင်း)Where stories live. Discover now