ခမ်းနားလှသော ခန်းမကြီးရဲ့အလယ် သတို့သား သတို့သမီးနှစ်ဉီးဟာ ကိုယ်စီအပြုံးပန်းဆင်လျက် ဧည့်သည်များကို
ဧည့်ခံနေသည်။မင်္ဂလာခန်းမတစ်ခုလုံးကို အဖြူရောင်တွေပဲသုံးထားကာ ကျူးလစ်ခရမ်းရောင်တွေနှင့်အလှဆင်ထားသည်မို့ မြင်သူတိုင်း သဘောကျနှစ်သက်ကြသည်ပင်။
ဧည့်သည်တွေဆုံနေပြီ ဖြစ်ပင်မဲ့လို့လေပြေဟာ ဝင်ပေါက်ကိုခဏခဏကြည့်နေသည်။
"လေပြေ ဘယ်သူ့ကိုစောင့်နေတာလဲ"
ထက်ယံဟာ ကျူးလစ်အဖြူပန်းစည်းလေး ကို ကိုင်ထားသော လေပြေ လက်ကို
အသာယာဆုပ်ကိုင်လိုက်သည်။"ကျွန်မ မိတ်ဆွေအတွဲလေ..
ဟိုမှာလာပြီ"ပျော်ရွှင်စွာပြေးသွားသော လေပြေကိုကြည့်နေမိသည်။ဒီနေ့မှ သူမက ကလေးတစ်ယောက်လိုပင်။
"နောက်ကျလိုက်တာ
မလာတော့ဘူးထင်နေတာ"လေပြေဟာ စကားစတော့ ခွန်းခက်ပိုင် ဟာပျော်ပျော်ရွှင်ရွှင်ပင်။
"မလာလို့ ဘယ်ဖြစ်ပါ့မလဲ"
"ဒါနဲ့ ဟိုတစ်ယောက်ကော"
လေပြေဟာ စိုင်းခက်ဇေကို
ရည်ညွှန်းပြောဆိုလိုက်သည်။"ကားပါကင်ထိုးနေတာ
ခဏနေလာပါလိမ့်မယ်""ထိုင်ပါဉီး"
လေပြေဟာ ထိုင်ခုံအလွတ်တစ်ခုကိုညွှန်ပြကာ နေရာပေးလိုက်သည်။
"ကျွန်မ ဟိုဘက်ခဏသွားလိုက်အုံးမယ်"
"ရပါတယ်"
လေပြေဟာ ပုံမှန်နဲမတူစွာပင်အလွန်တက်ကြွနေသည်။မင်္ဂလာရိှတဲ့နေမို့လို့လဲ သူမပျော်ရွှင်နေတာဖြစ်နိုင်သည်။
လေပြေထွက်သွားမှ ဘေးဘက်ကိုကြည့်မိသည်။လူတစ်ချို့က သူကိုကြည့်ကာ တီးတိုးပြောဆိုနေကြသည်။
ခွန်းခက်ပိုင်ကတော့ ထိုအရာတွေကို
ဂရုမစိုက်ပဲ စိုင်း ကိုသာစောင့်နေလိုက်သည်။အတ္တချိုဟာ ဒီနေ့တွင် အနီရောင်ဝမ်းဆက်
ဖြင့်အလွန်ကျက်သရေရိှနေသည်။
ခန်းမထဲကို ဝင်လိုက်သည်နှင့် ယောကျာ်းလေးအားလုံးရဲ့အကြည့်တွေဟာ
အတ္တချိုဆီမှာ။
YOU ARE READING
ဗီလိန်(ဝတ္ထုထဲသို့ ကူးပြောင်းခြင်း)
Fantasiဘယ်လိုအကြောင်းတွေပဲဖြစ်လာလာ ကိုယ်ကမင်းကိုကာကွယ်ပေးမှာမို့... ပျောက်ကွယ်သွားဖို့မကြိုးစားပါနဲ့ ကိုယ့်ရဲ့ကလေးငယ်။ {Start} 20.2.2024 {End} 1.4.2024