မနက်ခင်း၏ပူပြင်းသောနေကြောင့် သူနိုးလာခဲ့သည်။ထို့နောက်သူ၏လက်နှစ်ဖက်ကိုဆန့်ကာ အနည်းငယ်သန်းလိုက်သည်။
"အားး"
သူ့၏အော်သံကြောင့် အပြင်ဘက် မှကောင်မလေးတစ်ယောက်ဝင်လာသည်။
သူမသည်အစေခံ ပုံစံမျိုးဝတ်ထားကာရိုကျိုးသောအမူအရာရိှသည်။"သခင်လေး ဘာဖြစ်လို့ပါလဲ"
ခွန်းခက်ပိုင် သည်သူအိပ်မက် မက်နေတုန်းဟုထင်လိုက်သည်။မနေ့ကသူအိပ်ခဲ့တာ သေချာပေါက်အခန်းထဲမှာဖြစ်သည်။အခုသူက အခြားနေရာတစ်ခုကိုရောက်နေသည်။
ကောင်မလေးသည် သူ့အခြေအနေကိုကြည့်လျက် အပြင်ထွက်ကာ တစ်ယောက်ယောက်ကိုသွားခေါ်ဟန်တူသည်။
ခဏအကြာတွင်အခန်းထဲကိုလူတစ်ယောက်ဝင်လာခဲ့သည်။အရပ်ခပ်မြင့်မြင့်ဖြစ်ပြီး အသားအနည်းငယ်ညိုသည်။မျက်လုံး၏ညာဘက်ထောင့်တွင် မှဲနက်တစ်ခုရိှနေသည်။
သေချာပါသည်။ထိုသူသည် ဗီလိန် သူဖန်တီးထားသောဗီလိန် စိုင်းခက်ဇေ ဖြစ်သည်။
*WTF ငါဝတ္ထုထဲကိုကူးပြောင်းလာတာလား*
*မဖြစ်နိုင်ဘူး*ခွန်းခက်ပိုင်သည် ထိုသူကိုစိုက်ကြည့်နေမိသည်။ စိုင်း သည်သူဖန်တီးထားသည့်အတိုင်းပင်။
ဩရှရှအသံနှင့်အရမ်းဆွဲဆောင်မှုရိှသည့် မျက်ဝန်းညိုများကိုပိုင်ဆိုင်ထားသည်။
စိုင်းသည် သူ့ကိုခပ်စူးစူးကြည့်ကာ မေးခွန်းတစ်ခုမေးလာသည်။"မင်းကိုဘယ်သူလွှတ်လိုက်တာလဲ"
သူပြန်မဖြေမိ။ဘာဖြေရမလဲ မသိဆိုပိုမှန်မည်။
သို့သော် စိုင်း သည်စိတ်ရှည်သူမဟုတ်ပေ ဝတ်ထားသောအနောက်တိုင်းဝတ်စုံ၏အိတ်ကပ်ထဲမှ သေနတ်ကိုထုတ်လိုက်သည်။ထို့နောက် သူ့နဖူးကိုတေ့ကာ
"ငါမေးနေတာဖြေ"
"ဘာဖြေရမှာလဲ"
သူသည်ခေသူမဟုတ်ပါ။
ဒီလိုစောက်ကြောတင်း ဗီလိန်မျိုးဖန်တီးထားသူ စာရေးသူသည် ဗီလိန်ထက်ပို၍စောက်ကြောတင်းနိုင်ပါသည်။"ငါက မင်းကိုကူညီဖို့လာတာ စိုင်း"
"မင်းငါ့ကိုသိတာလား"
"အင်း"
စိုင်းသည်တစ်ခုခုမူမမှန်တာသတိထားမိပုံရသည်။ထို့ကြောင့်ဆက် မမေးပဲသေနတ်ကိုသိမ်းကာ စိတ်ကိုလျော့လိုက်သည်။
"မင်းနာမည်ဘယ်သူလဲ"
"သိချင်လား အဖေလို့ခေါ်လေ"
"မင်း !"
"ခွန်းခက်ပိုင် ငါ့နာမည်က ခွန်းခက်ပိုင်"
YOU ARE READING
ဗီလိန်(ဝတ္ထုထဲသို့ ကူးပြောင်းခြင်း)
Fantasiaဘယ်လိုအကြောင်းတွေပဲဖြစ်လာလာ ကိုယ်ကမင်းကိုကာကွယ်ပေးမှာမို့... ပျောက်ကွယ်သွားဖို့မကြိုးစားပါနဲ့ ကိုယ့်ရဲ့ကလေးငယ်။ {Start} 20.2.2024 {End} 1.4.2024