အေးစက်မှောင်မဲနေသော အခန်းတစ်ခုရဲ့အလယ် ထိုင်ခုံတစ်ခုပေါ်တွင် ကြိုးတုပ်ခံထားရသော အရိပ်တစ်ခုရိှနေသည်။
ထိုအရိပ်သည် မလှုပ်မယှက်
ငြိမ်သက်နေသည်။အချိန်တစ်ခုအကြာတွင် ဒေါက်ဖိနပ်သံက ခပ်လွင့်လွင်ပျံ့နှံ့လာသည်။ထိုအသံက သူနဲ့အနီးဆုံးကိုရောက်နေကြောင်း ကြားလိုက်ရသည်။
ခွန်းခက်ပိုင် မျက်လုံးကိုအားတင်းကာဖွင့်
ကြည့်လိုက်သော်လည်း ပုံရိပ်တွေကဝါးတားတား။".. နိုးလာပြီပေါ့"
ရင်နှီးနေတဲ့အသံတစ်က ပျံ့လွင့်လာသည်။ အသံကို ဘယ်မှာကြားဖူး တာပါလဲ။
အနီရဲရဲအရိပ်တစ်ခုက သူ့ရှေ့မှာရိှနေသည်။မဟုတ်မှ ဟိုအမျိုးသမီး။
"မိတ်ဆက်ပေးရဉီးမယ် ကျွန်မနာမည်က အတ္တချို ကိုဇေရဲ့ အချစ်ဉီး"
"ဟမ်!"
စိုင်းမှာ သူ့ထက်အရင်ချစ်ရသူတစ်ယောက်ရိှခဲ့တယ်ပေါ့။ပြီးတော့ အဲ့တာကမိန်းကလေးတစ်ယောက်။
"ကိုဇေက ရှင့်ကိုအပျော်ကြံနေတာ ဒါမှမဟုတ်ကျွန်မနေရာမှာ အစားထိုးနေတာလဲဖြစ်ချင်ဖြစ်မှာပေါ့ ရှင်က ဒုတိယလူလေ"
သူမရဲ့ရယ်သံခပ်လွင့်လွင့် က လေထုထဲသို့အေးစက်စွာပျံ့လွင့်လာသည်။
မျက်လုံးတွေဟာ အခုထိဝါးနေဆဲ။"မင်းဘာလိုချင်တာလဲ .."
"ကျွန်မလား ဘာမှမလိုချင်ပါဘူး"
"ဒါဆိုမင်းဘာလို့ ငါ့ကိုဖမ်းလာတာလဲ"
"မိတ်ဆွေတစ်ယောက်က အကူညီတောင်းထားတာ ကျွန်မက ကူညီယုံသက်သက္ပါပဲ ဒါပေမဲ့"
နှုတ်ခမ်းထက်တွင် ခန့်မှန်းရခက်တဲ့အပြုံးတစ်ခုကပေါ်လာ သည်။လက်တွင်လည်းသေးငယ်တဲ့ ဓားမြှောင်တစ်ခုကို ကိုင်ဆောင်ထားသည်။
"ရှင့်ရဲ့မျက်နှာလှလှလေးမှာ အမာရွတ်လေးတစ်ခုလုပ်ပေးလိုက်ရင် ကိုဇေ စိတ်ဆိုးမယ်လို့ထင်လား"
တစ်ဖြည်းဖြည်းအနားကို ကပ်လာကာ ဓားမြှောင်ကို ဘယ်ဘက် ပါးပြင်ပေါ်သို့
ခပ်ဖွဖွလေးတင်လိုက်သည်။
YOU ARE READING
ဗီလိန်(ဝတ္ထုထဲသို့ ကူးပြောင်းခြင်း)
Fantasyဘယ်လိုအကြောင်းတွေပဲဖြစ်လာလာ ကိုယ်ကမင်းကိုကာကွယ်ပေးမှာမို့... ပျောက်ကွယ်သွားဖို့မကြိုးစားပါနဲ့ ကိုယ့်ရဲ့ကလေးငယ်။ {Start} 20.2.2024 {End} 1.4.2024