အိမ်ရောက်ပြီးနောက်ပင်ပန်းကာ သူအိပ်ပျော်သွားခဲ့သည်။စိုင်းဘယ်အချိ်န်ပြန်ရောက်လဲတော့သူမသိပေ။
သူနိုးလာချိန်တွင် စိုင်းသည်သူ့အခန်းထဲကခုံပေါ်မှာထိုင်ရင်း တစ်စုံတစ်ယောက်နှင့်ဖုန်းပြောနေခဲ့သည်။
"အင်း သေချာစုံစမ်းထားလိုက်"
သူနိုးမှန်းသိတော့ စကားကိုလက်စသတ်ကာဖုန်းချလိုက်သည်။ပြီးတော့သူ့ကိုကြည့်ကာ
"နိုးပြီလား မင်းမနေ့ကညစာမစားဘူးဆို"
"အင်း နေလို့မကောင်းလို့"
ပွဲကပြန်လာပြီးနောက် သူနေလို့သိပ်မကောင်းပေ။
ခေါင်းမူးကား အစားစားချင်စိတ်လဲမရိှ။"ဆေးရုံသွားမလား"
"နေမကောင်းတာလေးနဲ့ မလိုပါဘူး"
"အဲ့ဒါဆိုဆက်အိပ်လိုက်
ငါအပြင်သွားမှာမလို့""အင်း"
နေလို့လဲမကောင်းတာကြောင့် ဆက်ပြီးသာအိပ်နေလိုက်သည်။အိပ်ပျော်နေတုန်း နှဖူးပေါ်တွင်အနွေးဓာတ်တစ်ခုခံစားလိုက်ရသည်။သူ ထင်ယောင်ထင်မှားဖြစ်နေတာထင်ပါရဲ့။
ခွန်းခက်ပိုင်အိပ်သွားတာသေချာမှ သူအခန်းထဲကထွက်လာခဲ့သည်။နောက်ကြောင်းကိုလုံးဝစုံစမ်းလို့မရသော ခွန်းခက်ပိုင်သည် သူ့ဆီကိုဘယ်လိုအကြောင်းကြောင့်ရောက်လာသည်ကို မတွေးတတ်ပါ။
သို့သော် သူ ခွန်းခက်ပိုင်အပေါ်စိတ်ယိုင်နေမိသည်။
အန္တရာယ်ရိှနိုင်သလားမသိနိုင်ပေ။သူ့အကြောင်းကိုသေချာစုံစမ်းပြီးမှရှေ့ရေးကိုတွေးတာကောင်းမည်ဟုထင်သည်။
ထို့ကြောင့်သူ့တပည့်တစ်ယောက်ကိုစုံစမ်းထားခိုင်းသည်။ဝေယံပိုင် မရိှတဲ့နောက်သူ့လက်တစ်ဖက်ပြုတ်သွားသလိုပင်။ထို့ကြောင့်သတင်းမေးဖို့အတွက် ဝေယံပိုင် တက်နေသောဆေးရုံဆီသို့တစ်ခေါက်ဝင်ခဲ့သည်။ဆေးရုံအဝတွင်တွေ့လိုက်ရသောအရိပ်တစ်ခုက အတ္တချို ပင်။
အတ္တချိုသည် တစ်ချိန်ကသူရဲ့အချစ်ဉီးဖြစ်သည်။ အပြုံးချိုချိုလေးတွေအောက်မှာ အတ္တတွေဖုံးကွယ်ထားတဲ့ အတ္တချို။သိပ်မုန်းစရာကောင်းသော မိန်းမ။
YOU ARE READING
ဗီလိန်(ဝတ္ထုထဲသို့ ကူးပြောင်းခြင်း)
Fantasyဘယ်လိုအကြောင်းတွေပဲဖြစ်လာလာ ကိုယ်ကမင်းကိုကာကွယ်ပေးမှာမို့... ပျောက်ကွယ်သွားဖို့မကြိုးစားပါနဲ့ ကိုယ့်ရဲ့ကလေးငယ်။ {Start} 20.2.2024 {End} 1.4.2024