ကြင်သူလေးရဲ့ မျက်ဝန်းအိမ်ထဲတွင်
အံ့ဩကြောက်ရွံ့ချင်းတွေကို
စိုင်း အတိုင်းသားခံစားလိုက်ရသည်။ခွန်းခက်ပိုင်ဟာ စာရေးဆရာတစ်ယောက်ပါ။
ကြမ်းကြမ်းတမ်းတမ်းလူသတ်သည့် အပိုင်းတွေများစွာရေးခဲ့ဖူးသည်။လူတစ်ယောက်ကိုဘယ်လိုနှိပ်စက်ခဲ့သည်ဟူသော အပိုင်းတွေလည်းရေးခဲ့ဖူးသည်။သို့သော် ဒီလိုမျိုးလူတစ်ယောက်ကိုသတ်ခဲ့သည်ဟူသောစကားကိုအေးအေးဆေးဆေးပြောနေသူကို တော့အမှန်တကယ်ပင် ကြောက် မိပါသည်။
"စိုင်း.."
တိုးတိုးလေးခေါ်လိုက်မိတော့ စိုင်းကမော့
ကြည့်လာသည်။အခုစိုင်း ရဲ့ပုံစံကငိုချတော့မယ့်ကလေးတစ်ယောက်လိုမျိုး။"လူတစ်ယောက် ကိုအဲ့ဒီ့လိုလုပ်တာ မှန်တဲ့အရာမဟုတ်ဘူးစိုင်း ပြီးတော့သူကမိန်းကလေး တစ်ယောက်လေ"
စိုင်းဟာ သူပြောသမျှကိုခေါင်းလေးငြိမ့်ကာ နားထောင်နေသည်။မျက်ဝန်းတွေဟာ အရည်လဲနေသည်။
မျက်လုံးညာဘက်ထောင့်က မှဲ့နက်လေးဟာ ထင်ရှားနေသည်။သူလေ စိုင်းရဲ့ခန္ဓာကိုယ်ပေါ်က အကြိုက်ဆုံးအရာကိုပြောပါဆို
ဒီမှဲ့နက်လေးကိုပဲ လက်ညိုးထိုးမိမှာ။"ကိုယ်နောက် မလုပ်တော့ပါဘူး
ကိုယ့်ရဲ့ကလေးငယ်ပြောစကားကို
နားထောင်မယ်နော်..နော်"မဝင့်မရဲပြောကာ သူ့ကိုလက်တွေကိုဆုပ်ကိုင်လာသည်။စိုင်းဟာ ဒီလိုလည်းချွဲတတ်သေးသည်။ခွန်းခက်ပိုင်ဟာ စိုင်းကိုဖက်ပြီး
ကျောကိုအသာလေးပုတ်ပေးလိုက်သည်။စိုင်းကတော့ ငြိမ်နေကာ သူ့ရဲ့ပခုံးပေါ်မေးတင်ထားသည်။စိုင်း တကယ့်ကလေးလေး။
သာယာကြည်နူးနေသော အခိုက်တန့်လေးဟာသိပ်ကြာရှည်မခံပေ။
ခွန်းခက်ပိုင်ဟာ ရုတ်တရက်အမှောင်ထဲကထွက်လာတဲ့အရိပ်တစ်ခုကိုလှမ်းမြင်လိုက်သည်။မိုးထက်ယံ ဟာသူ့ရဲ့လက်ထဲမှာချွန်ထက်နေသော ဓားတစ်ချောင်းကိုကိုင်ထားသည်။
သေချာပေါက်သူ့ရဲ့ဇာတ်လမ်းထဲမှာ စိုင်းကဒီလိုမျိုးဓားထိုးခံပြီးသေခဲ့တာ။အခု စိုင်း ကသေလို့မဖြစ်ဘူး။
![](https://img.wattpad.com/cover/363382958-288-k409715.jpg)
YOU ARE READING
ဗီလိန်(ဝတ္ထုထဲသို့ ကူးပြောင်းခြင်း)
Fantasyဘယ်လိုအကြောင်းတွေပဲဖြစ်လာလာ ကိုယ်ကမင်းကိုကာကွယ်ပေးမှာမို့... ပျောက်ကွယ်သွားဖို့မကြိုးစားပါနဲ့ ကိုယ့်ရဲ့ကလေးငယ်။ {Start} 20.2.2024 {End} 1.4.2024