ပူပြင်းလှတဲ့နေရောင်က အခန်းထဲဝင်ရောက်လာတာကြောင့် ခွန်းခက်ပိုင် အတွက်ဆက်အိပ်ဖို့မဖြစ်နိုင်ပေ။
ထို့ကြောင့်အိပ်ရာမှ အလူးလဲထကာ အောက်ထပ်ကိုဆင်းလာခဲ့သည်။မနေ့ထဲက ဘာမှမစားထားတာကြောင့် ဗိုက်ကလည်း အတော်ဆာနေပြီဖြစ်သည်။ဒါကြောင့် လှေကားထစ်တွေကို မြန်မြန်ခုန်ကာဆင်းလာခဲ့သည်။
သို့သော် ထူးဆန်းသည်က အိမ်ထဲမှဘယ်သူမှရိှမနေပေ။ပုံမှန်ဆိုလူအများအပြားသွားလာနေပြီး အလွန်ကိုဆူညံလေ့ရိှသည့် အိမ်တွင်ဘယ်သူမှရိှမနေခြင်းကအလွန်အံ့ဩဖို့ကောင်းသည်။
သူဖြည်းဖြည်းမှန်မှန်ဆင်းခဲ့ပြီး ဧည့်ခန်းဆီသို့ဉီးတည်လိုက်သည်။ဧည့်ခန်းတွင် လူတစ်ယောက်ထိုင်နေသည်ကိုမြင်လိုက်ရသည်။ထိုအခါမှသူ သက်ပြင်းချနိုင်ကာ ထိုလူဆီလျှောက်သွားခဲ့သည်။
ထိုလူကား မိန်းကလေးတစ်ဉီး။နူးညံသောအသွင်ပြင်နှင့် သိမ်မွေ့စွာထိုင်နေပုံက မဟာဆန်သည်။ဆံပင်နက်ဆွေးဆွေးကို တစ်ယုတစ်ယ ထုံးထားသည်မို့ သူမသည် အလွန်ရှေးရိုးဆန်မည့် မိန်းကလေးတစ်ယောက်ဟု မှတ်ချက်ချနိုင်သည်။
ခွန်းခက်ပိုင် သူမအနားအရောက် သူမကပြုံးပြုံးလေးလှည့်ကြည့်လာသည်။ထို့နောက် ညင်သာစွာနှင့် စကားဆိုလာသည်။
"အော် ရောက်လာပြီပဲ ထိုင်ပါဉီးလား "
သူဘာမှမပြောပဲ ထိုင်ခုံတစ်နေရာတွင်ဝင်ထိုင်လိုက်သည်နှင့် ထိုမိန်းကလေးကပဲ စကားစလာသည်။
"နေရတာ အဆင်ပြေရဲ့လား"
"ဘာကိုမေးချင်တာလဲ မိန်းကလေး"
သူမဘာကိုဆိုလိုမှန်း ခွန်းခက်ပိုင်သေချာမသိပေ။သူမပုံစံက ရိုးသော်လည်းနည်းနည်းဆန်းပြားသည်။သူ့ကိုအကြာကြီး သိလာတဲ့မိတ်ဆွေတစ်ယောက်လို ရင်းရင်းနှီးနှီးပြောဆိုနေသည်။
"ကျွန်မနာမည် လေပြေသွေးပါ"
သူဘာမှမပြောတက်အောင် ဆွံ့အသွားသည်။သူမက တကယ်ပဲ လေပြေသွေး လား။သူဖန်တီးထားတဲ့ လေပြေသွေး ပုံစံနဲ့လုံးဝကွဲပြားနေသည်။
သူဖန်တီးထားတဲ့ လေပြေသွေးက နီနီရဲရဲ ဂါဝန်တွေကိုနှစ်သက်ပြီး ဆံပင်တွေကိုအမြဲတမ်းအရောင်ပြောင်းတက်သူ။ပြီးတော့ ခေတ်ဆန်သည်။သူမ ကိုယ်တိုင်မပြောပါလျှင် လေပြေသွေးဆိုတာ သူလုံးဝယုံနိုင်မည်မဟုတ်။
"မင်းက ဒီကိုဘာကိစ္စနဲ့လာတာလဲသိလို့ရလား.."
"ရှင့်ကို ပြောစရာလေးနည်းနည်းရိှလို့လာခဲ့တာပါ"
"မင်းနဲ့ ငါ့ ကြားမှာဘာတွေများပြောစရာရိှနေတာလဲ ငါတို့တစ်ခါမှမတွေ့ဖူး ဘူးလေ"
သူမသည် ထူးထူးဆန်းဆန်းတွေကို ပြောနေသည်။သူမကို ခွန်းခက်ပိုင်သိသည်မှာမှန်ပေမဲ့ သူတို့ဝတ္ထုကမ္ဘာမတွေ့ဘူးကြပေ။လေပြေသွေးက ဘာလဲ။
"ရှင်မေ့ချင်ယောင်ဆောင်နေတာလား
ကျွန်မကရှင်ဖန်တီးထားတဲ့ ဇာတ်ကောင်လေ"သူမပြောစကားတွေမှာ ခွန်းခက်ပိုင်အံ့ဩပြီးရင်း အံ့ဩရသည်။သူမကတော့ အေးအေးလူလူပင်။
"မင်းဒါကိုဘယ်လိုလုပ်သိနေရတာလဲ"
"သိမှာပေါ့ ရှင့်ကို ဒီကမ္ဘာထဲကို
ခေါ်လာခဲ့တာ ကျွန်မလေ""မင်းက !"
"အင်းဟုတ်တယ် ရှင်ကအရမ်းတုံးအတာပဲ
ဒါကြောင့်လဲဒီကို လွယ်လွယ်ရောက်လာတာပေါ့""မင်းဘာတွေကြံနေတာလဲ လေပြေသွေး"
"ပြောပြလိုက်ရင် ပျော်စရာမကောင်းတော့ဘူးလေအခုတော့ကျွန်မသွားရအုံးမယ် ရှင်ကျွန်မကိုဆက်သွယ်ချင်ရင်..ဒီမှာ "
သူမက လိပ်စာကတ်တစ်ခုကိုချပေးပြီး ထလိုက်သည်။ထို့နောက်နက်ဆွေးဆွေး ဆံပင်တွေကိုနောက်ပို့ကာ သူ့ကိုပြုံးပြလျက်။
"ကျွန်မသွားဉီးမယ်နော် နောက်ထပ်ကျွန်မတို့အများကြီးတွေ့ဖြစ်ကြဉီးမှာပါ"
ခွန်းခက်ပိုင်ကိုနှုတ်ဆက်စကားဆိုကာ တစ်လှမ်းခြင်းထွက်သွားလေသည်။သူမထွက်သွားပြီးနောက်မှ ဘယ်ရောက်နေမှန်းမသိတဲ့ အိမ်ကြီးထဲကလူတွေ သွားလာလှုပ်ရှားနေကြသည်ကိုတွေ့လိုက်ရသည်။
သူ ဝတ္ထုထဲကိုရောက်လာခြင်းသည် ရိုးရိုးသားသားမဖြစ်နိုင်။နောက်ကွယ်မှာဘယ်သူကများ ကြိုးကိုင်ထားသလဲ။စိုင်းခက်ဇေ သူကကောဘယ်ရောက်နေသလဲ။
သူ စိတ်ရှုပ်ထွေးစွာနဲ့ပဲ သူအပေါ်ပြန်တက်ခဲ့လိုက်သည်။
လက်ထဲတွင်လည်း လိပ်စာကတ်လေးတစ်ခုကိုတင်းတင်းဆုတ်ကိုင်ထားလေသည်။
မကြာခင် အပြောင်းအလဲကြီးတစ်ခုဖြစ်တော့မည် ကိုဘယ်သူကများကြိုသိနေကြပါလဲ။လေပြေသွေးလား ။ဒါမှမဟုတ်
စိုင်းခက်ေဇလား။
YOU ARE READING
ဗီလိန်(ဝတ္ထုထဲသို့ ကူးပြောင်းခြင်း)
Fantasíaဘယ်လိုအကြောင်းတွေပဲဖြစ်လာလာ ကိုယ်ကမင်းကိုကာကွယ်ပေးမှာမို့... ပျောက်ကွယ်သွားဖို့မကြိုးစားပါနဲ့ ကိုယ့်ရဲ့ကလေးငယ်။ {Start} 20.2.2024 {End} 1.4.2024