ကြီးများကျယ်ပြန့်လှသော ပန်းခင်းကြီးရဲ့အလယ်ဖြူလွှလွှအရိပ်တစ်ခုက ရိှနေသည်။
ထိုပန်းခင်းကြီးထဲတွင် ပန်းပေါင်းမြောက်များစွာဟာ အတူတကွရိှနေကြသည်။ခွန်းခက်ပိုင်ဟာ ထိုပန်းခင်းကြီးကိုငေးကြည့်မိသည်မှာ အချိန်အတော်ကြာမြင့်သည်။
ဟိုးအဝေးတစ်နေရာတွင်တော့ တံခါးပေါက်နှစ်ခုက တည်ရိှနေသည်။တံခါးပေါက် တစ်ခုဟာ အပြာရောင် ဖြစ်ပြီး တစ်ခုဟာအဝါရောင်ဖြစ်သည်။
ခွန်းခက်ပိုင်ဟာ ထိုတံခါးရိှရာသို့ဖြည်းဖြည်းချင်းလျှောက်သွားလိုက်သည်။
ထိုတံခါးပေါက်နှစ်ခုအရှေ့တွင် အမျိုးသမီးတစ်ယောက်ကရပ်လို့နေသည်။ခုနက
ပန်းတွေကြောင့်ဒီအမျိုးသမီးကို သူမမြင်ခဲ့ခြင်းဖြစ်သည်။"system မှကြိုဆိုပါတယ်"
ခွန်းခက်ပိုင် နည်းနည်းတော့အံ့ဩမိသွားသည်။သူမက ဒီဝတ္ထုရဲ့ system..။
"ငါဘာလို့ဒီမှာရိှနေရတာလဲ"
ဒီအချိန်ဟာ အံ့ဩနေရမဲ့အချိန်မဟုတ်။အဓိကအကြောင်းအရာကိုပဲ ခွန်းခက်ပိုင်အရင်မေးလိုက်သည်။
"ရွေးချယ်မှုတစ်ခုကို လုပ်ဆောင်ဖို့ပါ"
"ရွေးချယ်မှု..?"
ခွန်းခက်ပိုင်ကပြောတော့ ထိုအမျိုးသမီးဟာခေါင်း ငြိမ့်သည်။
"သင့်မှာ ရွေးချယ်စရာနှစ်ခုရိှပါတယ်"
အမျိုးသမီးဟာပြောပြီး သူမလက်ထဲကသော့နှစ်စုံကိုပြလာသည်။သော့တစ်ခုက ရွှေရောင်ဝင်းနေပြီး နောက်တစ်ခုကတော့ အပြာရောင်သန်းနေသည်။
"ဒီသော့နှစ်ခုက လောကနှစ်ခုရဲ့
တံခါးပေါက်တွေကိုဖွင့်ဖို့ပါ""..?"
"အပြာရောင်တံခါးပေါက်ဟာဆိုရင်
ဝတ္ထုကမ္ဘာထဲကိုသွားတဲ့တံခါးပေါက်ဖြစ်ပြီး အဝါရောက်တံခါးပေါက်ဟာတော့ သင့်ရဲ့မူလဘဝဆီသွားမယ့်တံခါးပေါက်ပါသင့်မှာသော့ တစ်ချောင်းကိုရွေးချယ်ခွင့်ရိှပါတယ်"သူသာ မူလကမ္ဘာထဲကိုပြန်ရောက်သွားရင် အရာအားလုံးဟာပုံမှန်ပြန်ဖြစ်သွားမှာဖြစ်သည်။ဒါသူအမြဲလိုချင်နေတဲ့အရာပဲမဟုတ်လား။
YOU ARE READING
ဗီလိန်(ဝတ္ထုထဲသို့ ကူးပြောင်းခြင်း)
Fantasyဘယ်လိုအကြောင်းတွေပဲဖြစ်လာလာ ကိုယ်ကမင်းကိုကာကွယ်ပေးမှာမို့... ပျောက်ကွယ်သွားဖို့မကြိုးစားပါနဲ့ ကိုယ့်ရဲ့ကလေးငယ်။ {Start} 20.2.2024 {End} 1.4.2024