အပိုင်း(၉)

2.1K 105 1
                                    

မနက်မိုးလင်းထဲက အိမ်ထဲက အလုပ်သမားတွေအကုန်အလုပ်ရှုပ်နေကြသည်ကို
ခွန်းခက်ပိုင် မြင်နေရသည်။သူတို့ တစ်ခုခုအတွက်ပြင်ဆင်နေကြသလိုပင်။

ခွန်းခက်ပိုင် နဲ့သိပ်မသက်ဆိုင်ပင်မဲ့ ဒါပေမဲ့စပ်စုချင်စိတ်လေးကအရင်းခံရိှနေသည်။ထို့ကြောင့်သူ အောက်ထပ်ကို တစ်ဖြည်းဖြည်းဆင်းလာလိုက်သည်။

စိုင်းက ခုံတစ်ခုမှာထိုင်ကာ ပစ္စည်းအချို့ကိုကားပေါ်တင်ခိုင်းနေသည်။ဒီနေ့က ဘာနေ့မို့လို့လဲ။စပ်စုချင်စိတ်က ပြင်းထန်လာသည်မို့ ခွန်းခက်ပိုင် စိုင်းအနားကိုသွားလိုက်သည်။

"စိုင်း မင်းဘယ်သွားမလို့လဲ"

စိုင်းကသူ့ကိုတစ်ချက်ပဲကြည့်ကာ စကားပြန်မပြောပေ။သူ့ကိုမသိချင်ယောင် ဆောင်နေသည်။
မဟုတ်မှ စိုင်းသူ့ကိုစိတ်စိုးနေတာလား။မဖြစ်နိုင်ဘူးဟု ထင်လိုက်ပေမဲ့ စိုင်းရုပ်က
အဲ့ဒီ့လိုမျိုးပင်။

"စိုင်း..မင်း ငါ့ကိုစိတ်ဆိုးနေတာလား "

သူမေးလိုက်တော့ စိုင်းက
သူ့ဘက်ကိုလှည့်ကာ

"မဟုတ်ဘူး"

ဟူသောတိုပြတ်ပြတ်အဖြေတစ်ခုကိုပေးသည်။
သေချာပါတယ် စိုင်း စိတ်ဆိုးနေတာပါ။

"စိုင်း မင်းကလည်း
စိတ်ဆိုးနေတယ်ဆိုပြောပေါ့ငါချော့မှာပါ"

ရယ်ကျဲကျဲနဲ့သူကနောက်တော့ စိုင်းကသူ့ဘက်ကိုလှည့်လာသည်။

"ကိုယ့်ကို တကယ်ချော့မှာလား"

"ဒါပေါ့"

သူ့စကားအဆုံးစိုင်းက သူ့နားကိုတစ်ဖြည်းဖြည်းကပ်လာသည်။
ထို့နောက် စိုင်းကို သူ့ကိုကြည့်ကာလူယုတ်မာ ပြုံးပြုံးပြီးတစ်ဖြည်းဖြည်းနဲ့သူ့အုပ်မိုးလာတာကြောင့် ခွန်းခက်ပိုင် အလိုလိုအောက်ရောက်သွားရသည်။

သူက ထိုင်ခုံဆိုဖာ ပေါ်မှာလှဲနေကာ စိုင်းကတော့သူ့အပေါ်မှာဖြစ်သည်။ဒါဘယ်လိုအခြေနေကြီးလဲ။

"စိုင်း !"

"မင်းပဲကိုယ့်ကိုချောမယ်ဆို"

"ငါပြောတာ အဲ့လိုမဟုတ်ဘူးလေ အွန့်"

ဗီလိန်(ဝတ္ထုထဲသို့ ကူးပြောင်းခြင်း)Where stories live. Discover now