အပိုင်း(၁၁)

2.4K 124 1
                                    

လေပြေသွေး သည် အတွေးပေါင်းများစွာနှင့်ထိုင်နေမိသည်။ခွန်းခက်ပိုင်ပြောသွားသောစကားတစ်ခွန်းကသူမရင်ကိုလှုပ်ခတ်စေသည်။

"မင်းကရော မင်းလည်းဒီကမ္ဘာထဲက
လေပြေသွေးမဟုတ်တာသေချာတယ်"

ဇာတ်လမ်းအရ အဆုံးသတ်တွင်
စိုင်းခက်ဇေ နှင့်အတူအဓိကဇာတ်ဆောင်ရဲ့ချစ်သူ လေပြေသွေး ကအတူသေဆုံးသွားခဲ့သည်။

သူမကတော့ ကံကြမ္မာကြောင့်ပြန်လည်မွေးဖွားခွင့်ရခဲ့ပြီး သူမရဲ့တာဝန်က ဇာတ်ကြောင်းကိုပြောင်းလဲရန်အတွက်ပင်ဖြစ်သည်။ထို့အတွက် ပြင်ပကမ္ဘာထဲကလူတစ်ယောက်ကိုခေါ်ခွင့်ရိှသည်။

ထိုအချိန်သူမ စဉ္းစားမိသည်က စာရေးဆရာ။
ဒီဇာတ်လမ်းရဲ့စာရေးဆရာ ခွန်းခက်ပိုင်က
ထိုတာဝန်နှင့်အသင့်တော်ဆုံးပင်။

ဒါပေမဲ့တစ်ခုက ဇာတ်လမ်းသဘောတရားအရ ဇာတ်လမ်းထဲကလူတစ်ယောက်ဟာ သေရမည်ဖြစ်သည်။သူမ ပထမကတော့
မိုးထက်ယံ ဟာ သေသင့်တဲ့လူတစ်ယောက်ဟုထင်မိသည်။

သို့သော် သူမအခု မိုးထက်ယံကို
သံယောဇဉ္ တွယ်နေမိပြီ။ဒီဇာတ်လမ်းဟာ အကုန်လုံးအတွက်ပျော်ရွှင်စရာ ဇာတ်သိမ်းတစ်ခုဖြစ်ခဲ့မယ်ဆိုရင် သူမဟာ ဒီဇာတ်လမ်းထဲက ပျောက်ကွယ်သွားရလိမ့်မည်။

ဒါဟာ သူမအတွက်ပြဿနာတစ်ခုတော့မဟုတ်ပါ။

အကုန်လုံးပျော်ရွှင်ရမယ်ဆိုရင် သူမတစ်ယောက် ထဲပျောက်ကွယ်ပေးလိုက်တာက
ပိုပြီးကောင်းမှာပါ။

....

ခွန်းခက်ပိုင် လေပြေသွေးနှင့် တွေ့ပြီးအိမ်ပြန်ချင်စိတ်မရိှပေ။ဒါကြောင့် ဘား တစ်ခုသို့ဉီးတည်ခဲ့သည်။
အချိန်ကား ၅ နာရီ စွန်းစွန်း။

စိတ်တွေရှုပ်ထွေးနေသည်မို့ အမူးသောက်ရန်အစီစဉ္ကိုရွေးချယ်လိုက်သည်။ထောင့်ဘက် တစ်နေရာကိုရွေးလိုက်ပြီး စိတ်ညစ်ညစ်နဲ့ဝင်ထိုင်လိုက်သည်။

သူတစ်ခါမှအရက်မသောက်ဘူးပေ။ဒါပထမဆုံးအတွေအကြုံမို့ ရင်ခုန်နေမိသည်။ဒီလိုဆိုမှ သူရဲ့ပထမဆုံးတွေက စိုင်းနဲ့မှ ဖြစ်တည်ခဲ့သည်။
ဉပမာ သူတို့နှစ်ယောက်ရဲ့ အနမ်းလိုမျိုး.. တွေးရင်းနဲ့ရှက်လာသည်မို့ သူဆက်မတွေးတော့။

ဗီလိန်(ဝတ္ထုထဲသို့ ကူးပြောင်းခြင်း)Where stories live. Discover now