လေပြည်အေးတွေက ဖွင့်ထားတဲ့ပြတင်းပေါက်ကနေအတင်းတိုးဝင်ပြီး လာဗင်ဒါရနံ့တွေကိုသယ်ဆောင်လာပေးတာကြောင့် Yoongi လှဲအိပ်နေရာကနေထလိုက်သည်။ရုတ်တရုတ်သတိမမူမိပဲ ဘယ်ဘက်လက်ဖဝါးကိုဖိထောက်မိတော့ နာကျင်မှုကြောင့် မျက်ခုံးတန်းတွေကျုံ့သွား၏။Omega တွေဟာ healing ကြာသည်မို့ သူ့ရဲ့ heat circle ပြီးသွားတာတောင် ဒဏ်ရာကမပျောက်သေးပင်။ထိုဒဏ်ရာကြောင့်လည်း မျက်နှာပူစွာနဲ့တင် နန်းတော်ကိုခွင့်တိုင်စာထပ်ပို့ခဲ့ရသည်။ကံကောင်းသည်က Crown Prince က King Park နဲ့အတူ အခမ်းအနားတွေဆက်တိုက်တက်နေရသည်မို့ ခွင့်ရခြင်းဖြစ်သည်။နောက်မို့ဆိုမလွယ်ပေ။
နာနေတဲ့လက်ဖဝါးကိုခပ်ဖွဖွဆုပ်ကိုင်၍ ပြတင်းပေါက်နားဆီလျှောက်သွားတော့ သူ့ရှပ်အဖြူလေးကလွင့်ခနဲဖြစ်သွားသည်။လေပြည်တွေ အတော်တိုက်နေသည်။နှာဖျားဝမှာ လာရောက်ကျီစယ်တဲ့ လာဗင်ဒါရနံ့တွေကလည်း ပိုမိုလှိုင်သင်းလာသည်မို့ ခရမ်းရောင်ပန်းခင်းကြီးကိုကြည့်လိုက်တော့ ထိုပန်းခင်းကြီးရဲ့အရှေ့တည့်တည့်မှာ မတ်တပ်ရပ်နေတဲ့ကျောပြင်ကျယ်ကြီးကိုတွေ့လိုက်ရသည်။သူ့ heat circle မပြီးမချင်း အိမ်ပြန်မလာခဲ့တဲ့ Kim က ဒီနေ့မှပြန်ရောက်လာဟန်ရှိသည်။အနက်ရောင်ရှပ်ကို တံတောင်ဆစ်ထိခေါက်ဝတ်ထားပြီး သွေးကြောစိမ်းတွေဖြာနေတဲ့လက်တစ်ဖက်ကို အနက်ရောင်စတိုင်ပန့်အိတ်ကပ်ထဲထည့်ထားတဲ့ Kim ကနောက်ကျောကိုမြင်ရုံနဲ့တင် ပြည့်စုံတာထက်ပိုနေခဲ့သည်။အချိန်တိုင်းသဘောကျရပါသော သူ့အပိုင်ကဲ့သို့ထင်ရပေမယ့် သူ့အပိုင်မဟုတ်သော ၊အများသူငှာတွေနဲ့မျှဝေသုံးစွဲနေရသော ကျောပြင်ကျယ်ကြီးအကြောင်းကိုတွေးမိတော့ လက်ဖဝါးကဒဏ်ရာထက်ပင် ရင်ထဲကပိုနာသွားရသည်။
လာဗင်ဒါတွေကိုကြည့်ချင်တယ်ဆိုပြီး ပြတင်းပေါက်နားဆီရောက်လာခဲ့သော်လည်း ပိုမြတ်နိုးရတဲ့အရာကိုတွေ့လိုက်ရတာကြောင့် လာဗင်ဒါခင်းကြီးကမျက်နှာငယ်စွာပင် ပိုင်ရှင်ထံမှလျစ်လျူရှုခြင်းခံလိုက်ရသည်။မာနတရားတွေကြောင့် တစိမ့်စိမ့်ကြည့်ခွင့်မရတဲ့ကျောပြင်ကို အခုလိုကြည့်ခွင့်ရတော့ Yoongi ငေးကြည့်နေမိသည်။ကြည့်နေရင်းမှ အဖြူရောင်အငွေ့တွေက Taehyung နှုတ်ခမ်းပါးတစ်စုံကနေ လှလှပပထွက်လာတော့ ခပ်ရေးရေးပြုံးမိသည်။
