17

638 36 27
                                    

စီးနှင်း​တွေ၏အခိုးရိုက်ခတ်မှု​ကြောင့် ​စီးနှင်း​ငွေ့​တွေဖြင့်​ဝေဝါး​လွန်းနေတဲ့မှန်ပြတင်းတံခါးကို Yoongi ​​ငေး​နေမိသည်။အပြင်ကရာသီဥတုသည် မည်မျှ​အေး​ခဲနေမလဲဆိုတာ ထိုပြတင်း​တံခါးကိုကြည့်တာနဲ့တင် ခန့်မှန်းရလွယ်သည်။ရာသီဥတု၏အ​အေးဒဏ်သည် heater မရှိ​သောအခန်းထဲထိတိုးဝင်လာ​ပြီး ​အေးစိမ့်စိမ့်ဖြစ်လာသည်။အခုချိန်​လောက်ဆို တစ်ညလုံးအ​နွေးဓါတ်​​ပေး​နေတဲ့ ကြမ်း​အောက်ကမီးလင်းဖိုကြီးလည်း မီး​​သေသွား​လောက်ပြီဖြစ်မည်။သို့​သော် သူ့ခန္ဓါကိုယ်က​တော့​အေးစက်မ​နေဘူး။လိုတာထက်ပင်​နွေး​ထွေး​နေသည်မှာ အ​နောက်က​နေသိုင်းဖက်ထားတဲ့ Kim လက်​မောင်း​တွေနှင့် ရင်ခွင်ကျယ်ကြီး​ကြောင့်ပင်။

မ​နေ့ညက ရိုးရာအရက်တစ်မျိုးကို အိမ်ရှင်အဘိုးကဧည့်ခံသဖြင့် Kim ​ရော Crown Prince ​ရော​သောက်ခဲ့ကြတယ်။သူက​တော့ ​ဘေးနားကထိုင်ပြီးပဲ မသိ​ထားသေးတဲ့ ကိန်းရဲ့ဗဟုသုတ​တွေကို အဘိုးကို​မေးရင်းအချိန်ကုန်ဆုံးခဲ့တယ်။ရိုးရာအရက်က​အ​တော်ပြင်းပုံ​ပေါ်ပြီး အရက်ခံနိုင်ရည်မြင့်တဲ့ Kim ကို​တောင်ယိုင်ထိုးသွား​​စေသည်။Crown Prince လည်း 3ခွက်​လောက်နှင့်​မှောက်သွားခဲ့တာမို့ အဘိုးရဲ့သားအကြီးအကူအညီဖြင့် အခန်းထဲသို့လိုက်ပို့ခဲ့ရသည်။Kim က​တော့ အများအမြင်မှာ သူ့ mate ဖြစ်​နေသည်မို့ ကိုယ်တိုင်တွဲပြီးအခန်းထဲထိဆွဲ​ခေါ်ခဲ့ရသည်။တစ်ကယ်မူးသွားတဲ့ Kim က မူး​နေတဲ့တစ်ချိန်​တော့ချစ်ဖို့​ကောင်းလွန်းသည်။သူ့ကို​​ပွေ့ဖက်ပြီး ဗလုံးဗ​ထွေးဖြင့် စကား​တွေအများကြီး​ပြောခဲ့သည်။နားထင်စပ်ကိုလည်း အကြိမ်ကြိမ်နမ်းခဲ့သည်။

ဒါ​ပေမယ့် သူမ​​ပျော်ခဲ့ဘူး။Kim ​ပြောခဲ့တဲ့စကား​တွေက သူ့ကိုဘယ်လိုမုန်းတယ်ဆိုတဲ့ အ​ကြောင်း​တွေချည်းဖြစ်ခဲ့တာမို့လို့ပဲ။ဘာလို့မုန်းသလဲဟု​မေးကြည့်​တော့ Kim က သူ့ပါးနှစ်ဖက်ကိုအုပ်ကိုင်ပြီး ရီ​ဝေ​နေသည့်မျက်ဝန်း​တွေဖြင့် အတန်ကြာစိုက်ကြည့်၍ ဘာအ​ဖြေမှပြန်မ​ပေးခဲ့ဘူး။ပြီး​တော့ နှုတ်ခမ်းကိုဦးတည်လာပြီး ဖိကပ်နမ်းတယ်။မလိုချင်တဲ့အနမ်း​တွေမို့ ​ခေါင်းကိုအတင်းခါယမ်း​တော့ Kim ကစကားတစ်ခွန်းတည်းနဲ့ သူ့ရုန်းကန်​နေမှုကိုရပ်​စေခဲ့သည်။

You've reached the end of published parts.

⏰ Last updated: Apr 08 ⏰

Add this story to your Library to get notified about new parts!

ApocalypseWhere stories live. Discover now