ထိန်းချုပ်ထားခြင်းမရှိတဲ့ ချိုအီအီလာဗင်ဒါ pheromones ရနံ့တွေသည် ရုတ်ချည်းပင် port wine pheromones ရနံ့တွေ၏ ဖုံးလွှမ်းခြင်းကိုခံလိုက်ရသည်။Taehyung ရဲ့ hazel မျက်ဝန်းတွေက ဒေါသအပြည့်ဖုံးလွှမ်းနေပြီး Yoongi ပြောလိုက်တဲ့ ' Alpha တစ်ယောက်ဆီက' ဟူသည့်စကားကြောင့် အသက်ရှုသံတွေမြန်လာသည်။ရင်ထဲကနေခံပြင်းမှုပေါင်းများစွာကလည်း အလုံးအရင်းနဲ့ဆောင့်တက်လာသည်။
"ဘယ်ကောင်လဲ!...မင်းကိုဘယ်ကောင်ပေးရဲတာလဲ!!"
သူရပ်နေရာသို့လျှောက်လာပြီး လက်မောင်းကိုအကြမ်းပတမ်းဆွဲလှုပ်ကာ Alpha tone အပြည့်ဖြင့်အော်ဟစ်မေးလာသည့် Taehyung ကြောင့် ရီဝေချင်နေသည့် Yoongi မျက်ဝန်းတွေသည် အလန့်တကြားဖြင့်မှိတ်သွားရသည်။
"ဖြေလေ!...အနေတာလား!...ဘယ်ကောင်ပေးလိုက်တာလဲလို့!!"
အနံ့ပြင်းလွန်းသည့် port wine pheromones ရနံ့တွေအပြင် Alpha ရဲ့ခပ်ကြမ်းကြမ်းအပြုအမူတွေကြောင့် ခန္ဓါကိုယ်တစ်ခုလုံးကအားအင်တွေချိနဲ့လာပြီး ခြေထောက်တွေပါအားမရှိချင်တော့ပေ။ရင်ထဲက soul ကပါအတော်ကြောက်လန့်နေသော်လည်း Yoongi ကဟန်မပျက်ပင် လက်သီးကိုကျစ်ကျစ်ဆုပ်၍ ခနဲ့ပြုံးပြုံးသည်။
"ကျွန်တော်ပြောလည်း Kim ကသိမှာလား...ရေဗာကာမှာ Alpha တွေဘယ်လောက်တောင်များလိုက်လဲ...ကျွန်တော့်ကိုလိုချင်နေတဲ့ Alpha တွေလို့ပြောရင်တော့ပိုမှန်မှာပေါ့"
Yoongi စကားတောင် Taehyung မေးရိုးတွေပေါက်တွက်တော့မတတ် တင်းကားသွားသည်။ဘယ် Alpha က သူ့ Omega ကို အတင့်ရဲပြီး ပန်းပေးရဲသလဲဆိုတဲ့အတွေးက သူ့ဒေါသတွေကို အဆုံးစွန်ထိတွန်းပို့သည်။အခုခေါင်းထဲမှာရှိတာက Min Yoongi ကို ပန်းပေးလိုက်တဲ့ကောင်ကို အရက်စက်ဆုံးနည်းလမ်းနဲ့ သတ်ချင်နေတော့တာပဲ။
"ဘယ်ကောင်လဲ!"
"နာမည်တော့ကျွန်တော်လည်းမသိဘူး...လာပေးတော့ယူလိုက်ရုံပဲ...ကျုးလစ်တွေကလှတော့ မယူမိရင်ရင်နှမျောစရာမလား"
"မင်းလိုချင်ရင် အဲ့သောက်ကျူးလစ်တွေကို ဧကတစ်ထောင်လောက်ဝယ်ပေးနိုင်တယ်...အဲ့ဒါကို သောက်ရေးမပါတဲ့နှမျောတယ်ဆိုတဲ့အတွေးနဲ့ ဘာကိစ္စနဲ့ယူလာတာလဲ!...မင်းမှာအရှက်သိက္ခါမရှိဘူးလား!!"
