Yoongi တစ်ယောက် အခန်းထဲမှာ Allie နဲ့အတူ ပစ္စည်းတွေစီစစ်ရင်းအလုပ်များနေသည်။ကိန်းကိုသွားရမည့်တစ်ပတ်တာအတွက် လိုအပ်သည်များကို အထုတ်အပိုးပြင်နေတာဖြစ်သည်။ကိန်းခရီးစဥ်ဟာ တိုင်းပြည်အဆင့်လျှို့ဝှက်ချက်ဖြစ်သည်မို့ Allie က သူ့သခင်နဲ့သခင်မက သာမန်ခရီးတစ်ခုကိုထွက်မယ်ဟုပဲ သိထားတာဖြစ်သည်။
"ဆေးတွေစုံပြီလား Allie"
"စုံပါပြီသခင်မ"
"အနွေးအိတ်တွေရော"
"ထည့်ပြီးပါပြီသခင်မ...4ခုထည့်ထားပါတယ်...ထပ်ထည့်ဦးမလားရှင်"
"ထပ်ထည့်လိုက်ပါ...ပြီးတော့..."
Yoongi ဆက်မပြောပဲ သက်ပျင်းဖွဖွချလိုက်သည်။
"ဆေးအိတ်ထဲမှာ heat တားဆေးပါထည့်ပေးပါ"
"သခင်မ...စည်းကျော်တဲ့စကားဆိုပေမယ့်...တားဆေးတွေကသောက်တိုင်းမကောင်းပါဘူးရှင်"
Allie ပြောတော့ Yoongi က အပြုံးပါးပါးလေးဖြင့်ပြုံးပြပြီး ဘာမှပြန်မပြောတော့ပဲ ဗီရိုထဲကအဝတ်အစားတွေကို သွားယူကြည့်သည်။
"ကျန်တာကျွန်တော်ဆက်လုပ်လိုက်မယ် Allie...Kim အထုတ်အပိုးကိုသေချာသွားစစ်ပေးလိုက်ဦး"
Allie လည်း ပြောမရဘူးဆိုတာသိတာမို့ သက်ပျင်းဖွဖွချပြီးတော့သာ အရိုအသေပေး၍ အခန်းထဲကထွက်သွားသည်။ထိုအခါမှ Yoongi က ဗီရိုထဲက heat တားဆေးဗူးအဖြူကိုယူပြီး ခပ်နွမ်းနွမ်းပြုံး၍ သူလွယ်သွားမည့်ကျောပိုးအိတ်ထဲသို့သွားထည့်လိုက်သည်။
တားဆေးတွေသောက်တာများရင် ကိုယ်ဝန်ဆောင်နိုင်ဖို့ခက်ခဲလာမှာမလွဲပေ။ဒါပေမယ့် သူကဒီတစ်သက် Kim ကိုယ်ပွားလေးကို ကိုယ်ဝန်လွယ်ရပါဦးမလားလေ။
"ကျွန်တော့်ကိုအတိတ်တွေထဲကနေ Kim ကိုယ်တိုင်ဆွဲထုတ်ပေးရင်...ကျွန်တော်အရမ်းဝမ်းသာမှာပဲ Kim"
ခုန်ဆင်းလာတဲ့မျက်ရည်စက်တွေကို လက်ခုံနဲ့ဖိသုတ်ရင်း Yoongi အားတင်း၍ပြုံးလိုက်သည်။တစ်နေတော့ သူပျော်ရမယ်လို့ယုံကြည်တယ်။
