7

267 29 13
                                    

ရေဗာကာပြည်သူ​တွေသည် ဝတ်​ကောင်းစားလှ​တွေဝတ်ပြီး လမ်းမ​ပေါ်၌ တစ်စုံတစ်ခုအလာကို​မျှော်​နေကြသည်။ Omega ​လေး​တွေသည်လည်း ​ကျော့​မော့​နေ​အောင်ဝတ်စား၍ မျက်နှာထက်၌စိတ်လှုပ်ရှား​မှု​တွေအပြည့်။က​လေး​တွေကိုလည်း မိဘ​တွေကချစ်စရာ​ကောင်း​အောင်ဝတ်စားဆင်ယင်​ပေးထားပြီး လက်ကိုဆွဲ၍အတူ​စောင့်​​စေသည်။အ​ကြောင်းမှာ​တော့ စီလွန်နိုင်ငံ၏ထိပ်တန်းတပ်စုသည် နှစ်နိုင်ငံစစ်သံတမန်ချစ်ကြည်​ရေးအတွက် ယာဥ်တန်းတွေဖြင့် ဒီလမ်း​မကြီးအတိုင်းချီတက်လာမှာမို့လို့ဖြစ်သည်။​ကြံ့ခိုင်သန်စွမ်း​သော A အဆင့် စီလွန်Alpha စစ်သား​တွေလာမှာမို့ အားလုံးကကြိုဆိုဖို့​စောင့်​နေကြခြင်းပင်။ဤအရာသည် ​​ရေဗာကာ၏ချစ်စရာ​ကောင်း​သောကြိုဆိုခြင်းဖြစ်သည်။​ရေဗာကာဟာ မည်မျှသာယာဝ​ပြောပြီး King Park အုပ်ချုပ်မှု​အောက်မှာ​ အေးချမ်းစွာ​ကောင်း​ကောင်း​နေထိုင်နိုင်ခြင်းကို ဂုဏ်ယူဝင့်ကြွားစွာပြသကြခြင်းပင်။

ပြည်သူပြည်သား​တွေသည် လမ်းမထက်၌အလုပ်များ​နေသလို နန်း​တော်၏စစ်တပ်၌လည်းအလုပ်များလှသည်။ဗိုလ်ချုပ် Kim ကိုယ်တိုင်ထွက်ကြိုမည်ဖြစ်ပြီး တပ်ထဲ၌လည်းဧည့်သည်များအတွက် ​နေရာထိုင်ခင်းပြင်ဆင်မှုများနှင့် စစ်သား​တွေအလုပ်များ​နေကြသည်။Royal Family က​တော့မလိုအပ်သည်မို့ ထွက်ကြိုဆိုစရာမလို​အပ်​ပေ။အခမ်းအနားစတင်သည့်​နေကျမှ တက်​ရောက်ကြမှာဖြစ်သည်။​ရေဗာကာစစ်ဌာနချုပ်သည် နန်း​တော်ထဲမှာပဲတည်ရှိပြီး အခွဲ​တွေက​တော့ တိုင်းပြည်ရဲ့​နေရာအနှံ့မှာ ကြည်း၊​လေ၊​ရေဟူ၍ရှိသည်။အ​ထက်မြက်ဆုံး Alpha စစ်သား​တွေသည်သာ နန်း​တော်ရဲ့စစ်ဌာနချုပ်၌ တာဝန်ထမ်း​ဆောင်ရသည်။

​Taehyungသည် အနက်​ရောင်စစ်ယူနီ​ဖောင်းကို ​​သေသပ်စွာဝတ်ဆင်ပြီး Yoongiအခန်းဆီသို့​​လျှောက်လာသည်။ရင်ဘတ်က​​ရွှေ​ရောင် ​ငွေ​ရောင်ဘွဲ့ရင်ထိုးကြယ်တံဆိပ်​တွေသည် မျက်စိကျိန်း​လောက်​​အောင်များပြားပြီး အ​ရောင်စုံဘားတန်း​တွေကလည်း ဘယ်ဘက်ရင်ဘက်၌စီစီရီရီ။ပုခုံးစွန်း​တွေက ​ရွှေ​ရောင်ကြိုး​ခွေ​ခွေ​တွေကလည်း ယူနီ​ဖောင်းဖြင့်လိုက်ဖက်စွာတည်ရှိ​နေသည်။​

ApocalypseWhere stories live. Discover now