13

247 34 18
                                    

​ရေဗာကာ Crown Prince စံမြန်းရာ Veno နန်း​​ဆောင်သည် ပုံမှန်ဆိုတိတ်ဆိတ်လျက်ရှိ​သော်လည်း ယ​နေ့တွင်​တော့ တခစ်ခစ်ရယ်သံများဖြင့်ပြည့်နှက်လျက်ရှိသည်။ထိုရယ်သံပိုင်ရှင်က​တော့ တစ်ခြားသူမဟုတ်..Veno နန်း​ဆောင်၏ပိုင်ရှင်ဖြစ်သူ Crown Prince Park Jimin ကိုယ်တိုင်ပင်။

"ဆရာကတစ်ကယ်အဲ့လိုမှတ်ချ​က်​ပေးတာ​ပေါ့"

"ဟုတ်ပါတယ်ရှင့်"

အထိန်း​တော်ကြီးမှာ ထို​မေးခွန်းကိုချည်းထပ်တလဲလဲ​မေး​နေတဲ့ Crown Prince ​ကြောင့် သက်ပျင်းခပ်ဖွဖွချ၍​ ချစ်စဖွယ်​လေသံ​​အေး​အေးဖြင့်ပြန်​ဖြေသည်။

"ဒါဆို...ကျွန်​တော်စာမရတာ​​ရေဗာကာတစ်တိုင်းပြည်လုံးသိသွားပြီ​​ပဲ"

"ဟုတ်တာ​ပေါ့ရှင့်...​ရေဗာကာတင်မကပါဘူး...တစ်ကမ္ဘာလုံးသိသွားပြီ"

အထိန်း​တော်ကြီးစကားအဆုံးမှာ Jimin ရယ်သံ​လွင်လွင်​တွေက ပိုမိုကျယ်​လောင်လာသည်။အထိန်း​တော်ကြီးမှာ​တော့ ဒီလိုဖြစ်တာ​တောင် အရယ်မပျက်တဲ့ကလေးကြောင့် ​​ခေါင်းတခါခါဖြင့်သာ ​မနက်စာပွဲ​တော်ကိုကြီးကြပ်ဖို့ Jimin ကိုဦးညွတ်ကာအရိုအ​​သေ​ပေး၍ထွက်သွားသည်။

စာဖတ်ခန်းမှာကျန်ခဲ့တဲ့ Jimin က​တော့ အထိန်း​တော်ကြီးထွက်သွားတာနဲ့ ဖတ်ချင်​ယောင်​ဆောင်​နေတဲ့ ကိုယ်ကျင့်တရားပြဌာန်းစာအုပ်အထူကြီးကိုပိတ်ပြီး အခန်းထဲသို့​ပြေးသွားသည်။အခန်းထဲ​ရောက်တာနဲ့ ​ခေါင်းအုံးပွပွကြီး​အောက်မှာဖွက်ထားတဲ့ Yoongi ​ဆီကစီလွန်ပြန်ဓါတ်ပုံ​လက်​ဆောင်​တွေကိုထုတ်ကြည့်၍ အသာအယာကိုင်တွယ်ပြီး ကြည်နူးခြင်းအပြည့်ဖြင့်ပြုံးသည်။

သူ​တော့အချစ်မှာ ပြီးပြည့်စုံစွာကျဆုံးသွားပြီ။​ဒီအတွက် ​နောင်တလည်းမရသလို မဖြစ်သင့်ဘူးဟူ၍လည်း​တွေး​နေမည်မဟုတ်​တော့​​ပေ။သတ္တိရှိရှိနှင့် အချစ်ကိုရင်ဆိုင်မည်။

အထိန်း​တော်ကြီးက ​မနက်​စော​စောပြင်ဆင်မှုကိုလာလုပ်​ပေးရင်း သူ့ကိုသတင်းတစ်ခုပါးသွားခဲ့တယ်။Time မဂ္ဂဇင်းနဲ့လုပ်ခဲ့တဲ့သူ့အင်တာဗျူးက ဆိုရှယ်မီဒီယာမှာတက်လာ​တော့ ဆရာကသူ့ကို​ပေးခဲ့တဲ့ကတိအတိုင်း ဝင်ကြည့်ခဲ့ပြီး comment တစ်ခု​ပေးခဲ့သည်တဲ့။အင်တာဗျူး​နေတုန်း ယုံကြည်ချက်ရှိရှိနှင့် တိုင်းသူပြည်သား​တွေအ​ပေါ် ဘုရင်တစ်ပါး၏ထားရှိရမည့် ကျင့်ဝတ်ဆိုသည့်စာပိုဒ်ကိုရွတ်ပြခဲ့​သော်လည်း စာမျက်နှာအလွဲနဲ့ အချက်​ရေနံပါတ်​တွေမှား​နေခဲ့သဖြင့် ဆရာကမှား​နေ​ကြောင်း​​ထောက်ပြပြီး အမှန်ပြင်​ပေးခဲ့သည်ဟု​ အထိန်း​တော်ကြီးက​ပြောပြသည်။အမှန်​တော့ ထိုအချက်ကရှက်စဖွယ်ဖြစ်​နေ​သော်လည်း သူက​တော့ထိုသို့မထင်။သူ့အ​ပေါ်ထားတဲ့ ဆရာ့​စေတနာနဲ့​မေတ္တာ​တွေကိုသာမြင်သည်။

ApocalypseWhere stories live. Discover now