လူတိုင်းရဲ့မျက်လုံးတွေက Taehyung တို့စားပွဲဝိုင်းမှာသာ။Taehyung ရဲ့ညာဘက်မှာ Yoongi ထိုင်နေပြီး ဘယ်ဘက်တွင်တော့ Jieun ဆိုတဲ့ Omega မလေးထိုင်နေသည်။အားလုံးငြိမ်သက်စွာထိုင်နေတဲ့စားပွဲမှာ Lee Anna ကတော့ Taehyung ကိုမျက်လုံးစိမ်းတွေနဲ့ကြည့်ပြီး မတ်တပ်ရပ်နေသည်။
"ဒါဘာသဘောလဲ ဗိုလ်ချုပ်!"
"ကျေးဇူးပြုပြီးထွက်သွားပေးပါလား Lee Anna"
Yoongi က ထိုင်နေရာကနေ စိတ်ရှုပ်သလိုမျက်နှာနဲ့ပြောတော့ Lee Anna မှာအံ့သြမဆုံး။ဒီလိုပွဲအထိ ကိုယ့် Alpha က တစ်ခြား Omega နဲ့ပွဲတက်လာတာကို Min Yoongi ကဘာမှမဖြစ်ဘူးတဲ့လား?သူမကတော့မရဘူး။အငယ်အနှောင်းဆိုရင်တောင် ထိုနေရာကို သူမစွဲလမ်းပါသည်။တစ်တိုင်းပြည်လုံးကလိုချင်နေတဲ့ Alpha ကိုလွယ်လွယ်လေးလက်လွှတ်ပေးရအောင် သူမ မတုံးသေးဘူး။ဗိုလ်ချုပ်ကိုသာမရရင် အဖေကလည်းသတ်မယ့်ကိန်းရှိတယ်။အဖေကိုယ်တိုင်လိုလိုလားလားနဲ့ ဗိုလ်ချုပ်နဲ့သူ့ကိုတွေ့စေခဲ့တာလေ။အဲ့တော့ သူမနေရာသေးသေးလေးကို ပြန်ရဖို့လိုအပ်တယ်။
"ကျွန်မဗိုလ်ချုပ်နဲ့စကားပြောနေတာပါ Min Yoongi...ရှင်ဝင်မပါပါနဲ့"
"မင်းပြောနေတာငါ့ယောကျာ်းလေ...ငါဝင်ပါရမှာပေါ့...ဒီမယ်...အခုအခြေအနေကိုမင်းလည်းသဘောပေါက်နေပြီမလား...ထွက်သွားလိုက်တော့...တစ်ခြားလူတွေကိုမင်းရဲ့သုံးစားမရတဲ့အငယ်အနှောင်းကိစ္စနဲ့...အနှောင့်အယှက်မပေးချင်နဲ့"
Yoongi ရဲ့ပညာသားပါတဲ့စကားတွေကြောင့် Lee Anna နှုတ်ခမ်းကိုကိုက်ထားရသည်။Min Yoongi ပြောတာလည်းမမှားနေဘူးမလား?သူမက အမြဲဘေးမှာရှိနေပေးမယ်ဆိုတဲ့ စာချုပ်ချုပ်ဆိုထားခြင်းမရှိတဲ့ အငယ်အနှောင်းသာသာ။ဒီလိုဆိုရင်တောင် သူ့ကိုကစားတဲ့ဗိုလ်ချုပ်ကို ပြန်အော်ပြောချင်ပါသေးတယ်။လူမှုရေးဖောက်ပြန်ခဲ့တာ သူမတစ်ယောက်တည်းမှမဟုတ်ခဲ့တာ။
"ငါကအငယ်အနှောင်းဆိုရင်တောင်...ရှင့်ယောကျာ်းကထားတာပါ...တစ်ဖတ်ပိတ်ကြီးငါ့အမှားလို့ပဲလာပြောမနေနဲ့"