1

353 35 9
                                    

​အ​ရှေ့အရပ်​က​နေ ထွက်စပြု​နေတဲ့​လိမ္မော်ရောင်နေ​ဝန်းကြီးက ​ရေဗာကာတိုင်းပြည်ရဲ့ အဲပရက်စ်​တောင်တန်း​​တွေကြားက​နေ တဖြည်းဖြည်းထွက်​ပေါ်လာသည်။​​နေ​​ရောင်မရခင်တည်းက သက်ဝင်လှုပ်ရှား​နေတဲ့​ရေဗာကာဟာ ​နေ​ရောင်ခြည်ဖျဖျကိုရတာနဲ့ ပိုမိုစည်ကားလှသည်။ထိုအချက်ကိုကြည့်ခြင်းအားဖြင့် ​ရေဗာကာတိုင်းပြည်ဟာ ရှင်ဘုရင်ရဲ့အုပ်ချုပ်မှု​ကောင်းမှုနဲ့ စစ်မက်ကင်းရှင်း​ကြောင်းအတိအလင်း​ဖော်ပြ​​​နေသည်။​

​ရေဗာကာတိုင်းပြည်ရဲ့ဘုရင်စံနန်းရာ Royal Palace က မြို့​တော်ရဲ့အလည်တည့်တည့်မှာတည်ရှိသည်။လမ်းမ​တွေ​ပေါ်ဖြတ်သန်းသွားလာ​နေတဲ့ ပြည်သူပြည်သား​တွေရဲ့ဝတ်စားဆင်ယင်ပုံကိုကြည့်တာနဲ့တင် အားလုံးကအဆင်​ပြေကြမှန်းသိနိုင်သည်။​​ရေဗာကာ၏ထူးခြားချက်က လမ်း​ပေါ်တွင်​ တောင်းစားသူမရှိကြခြင်းဖြစ်သည်။သယံဇာတလည်း​ပေါများကြွယ်ဝသလို အလုပ်အကိုင်ရှားပါးခြင်းဆိုတာမရှိ။အားလုံးက ​အလုပ်အကိုင်ကိုယ်စီဖြင့် နေနိုင်စားနိုင်ကြပြီး Royal Family ကိုသစ္စာခံကြသည်။

မျက်နှာ​​ပေါ်​နေ​ရောင်ခြည်နုနုကျ​ရောက်မှုကြောင့် violet မျက်လုံး​​လေးတွေ ချက်ချင်းပဲပွင့်လာသည်။မျက်လုံးပွင့်တာနဲ့ ကုတင်​ဘေးမှာရပ်​နေတဲ့ အထိန်း​တော် Allie ကိုအ​ရင်ဆုံး​တွေ့ရသည်။ကြီးမား​သောကုတင်ကြီး​ပေါ်တွင် အိပ်​နေတာက​တော့ သူတစ်​ယောက်တည်းဖြစ်၏။မထူးဆန်း​​တော့တဲ့ ​ဘေး​နေရာလစ်ဟာ​နေမှုကို တစ်ချက်သာ​စောင်းကြည့်ပြီး ညအိတ်ပိုးသားဝတ်ရုံအ​ပေါ်ထပ်ကို ချွတ်​ပေး​ဖို့​စောင့်​နေတဲ့ Allie ဆီကိုပဲ​လျှောက်သွားလိုက်သည်။

"သူမ​နေ့ညကပြန်လာလား"

"ပြန်လာပါတယ် သခင်​​မ"

"ဪ..."

ပြန်လာတယ်မလာဘူးဆိုတာ ဒီအိမ်​တော်ကိုစ​ရောက်တည်းက ​မေး​နေကျ​မေးခွန်းတစ်ခုမို့ အကျင့်ပါ​​နေ​သောပါးစပ်​တွေက တားဆီးချိန်​တောင်မရပဲ​မေးလိုက်မိ​တော့ ထူးဆန်းစွာပြန်လာသည်ဟူ​သောအ​ဖြေကိုကြားရသည်။အနည်းငယ်ဝမ်းသာသွားတာ​ကြောင့် ပြုံးရန်နှုတ်ခမ်းစွန်း​တွေကို​ကွေးမလိုပြင်​တော့ ထပ်ကြားလိုက်ရတဲ့စကား​ကြောင့် ဟက်ခနဲသာရယ်ချလိုက်မိသည်။

ApocalypseWhere stories live. Discover now