"ကော်ဖီတစ်ခွက်ပဲပြင်ပေးပါ Allie"
"ဟုတ်ကဲ့ပါ သခင်မ"
Yoongi က ကျွန်းစာအုပ်စင်ကြီးက စာအုပ်တွေအများကြီးကို တစ်အုပ်ပြီးတစ်အုပ်လှန်လှောနေရင်းပြောတော့ Allie ခေါင်းညိတ်ပြပြီးထွက်သွားသည်။ဒီနေ့ကနားရက်ဖြစ်သည်မို့ အိမ်တော်မှာပဲအချိန်ကုန်ရမည်ဖြစ်သည်။ Yoongi ကစာအုပ်ချစ်သူဖြစ်ပြီး သဘောကျတဲ့စာအုပ်တွေကို အထပ်တွေပါသောမြင့်မားလှတဲ့ကျွန်းစာအုပ်စင်ကြီးဖြင့် သိမ်းဆည်းထားတတ်သည်။အခုလည်း ပြန်ဖတ်ချင်သောစာအုပ်ကိုပြန်ရှာနေတာဖြစ်သည်။နာရီဝက်လောက်ရှာဖွေလို့အပြီးမှာတော့ Yoongi လက်ထဲ၌ စာအုပ်3အုပ်ပါလာသည်။
စာအုပ်ရှာရတာနဲ့တင် အတော်ပင်ပန်းသွားသည်မို့ နဖူးစကချွေးတွေကိုလက်ခုံနဲ့သုတ်၍ စာအုပ်3ကိုပိုက်ပြီး အောက်ထပ်သို့ဆင်းလာခဲ့သည်။အနည်းငယ်ကြည်လင်နေသောစိတ်သည် လှေကားကနေတစ်ထစ်ချင်းစီးလာရင်း ကြားရသောအသံတွေကြောင့် ချက်ချင်းနောက်ကျိသွားရသည်။ရယ်သံတွေ...Kim ရဲ့ရယ်မောနေတဲ့ရယ်သံသြသြတွေ။ထို့အပြင် နောက်တစ်ယောက်ရဲ့ချိုအီအီရယ်သံတွေရော။
"Allie...ကော်ဖီခွက်ကိုပန်းခြံထဲယူလာပေးပါ"
"ဟုတ်ကဲ့ပါ သခင်မ"
မမြင်ချင်တဲ့မြင်ကွင်းကြောင့် တစ်ချက်တောင်စောင်းငဲ့ကြည့်မနေပဲ စာအုပ်တွေကိုတင်းတင်းဆုပ်ကိုင်၍ ဖြတ်သွားမည်အပြု မျက်လုံးထောင့်စွန်းကနေ ဖျက်ခနဲတွေ့လိုက်ရတဲ့အရာကြောင့် ခြေလှမ်းတွေရပ်သွားရသည်။ Yu Jieun ဆိုတဲ့ Omega မလေးရဲ့အရှေ့မှာရှိနေတာ Crown Prince အတွက်လုပ်ပေးထားတဲ့ရေမွှေးအိတ်အဖြူလေး။
"အဲ့ဒါဘာလုပ်တာလဲ Kim"
ထမင်းစားခန်းထဲသို့ခပ်မြန်မြန်လျှောက်လာပြီး ရေမွှေးအိတ်ကိုကြည့်၍မေးလာတဲ့ Min Yoongi ကြောင့် black coffee ကိုတစ်ငုံသောက်လိုက်ရင်း မျက်ခုံးပင့်ပြလိုက်သည်။
"Min Yoongi ကရေမွှေးလုပ်တာတစ်ကယ်ပါရမီပါတာပဲရှင့်...Jieun တစ်ကယ်သဘောကျတယ်"
