14

241 36 17
                                    

နံရံပတ်ပတ်လည်တွင် လက်ရာ​မြောက်​သောကျွန်းစာအုပ်စင်ကြီး​တွေဖြင့် အလှဆင်ထား​သောမင်အိမ်​တော်၏စာကြည့်ခန်း၌ လူနှစ်​ယောက်ထိုင်​နေပါ​သော်လည်း ဘာစကားမှမ​ပြောပဲ တိတ်ဆိတ်လွန်း​နေသည်။Min Haein က Yoongi ​ကိုသနား​သောမျက်ဝန်း​တွေဖြင့်ကြည့်​နေပြီး Yoongi က​တော့ နေရခက်စွာပင် မျက်နှာလွှဲပြီး​ စာအုပ်​တွေကို​ငေး​နေသည်။

"ဘာလို့အဆင်​ပြေဟန်​ဆောင်ခဲ့တာလဲ သား​လေး"

တိတ်ဆိတ်လွန်း​နေခဲ့တဲ့အ​ခြေအ​နေကို ​​​ဖေ​ဖေကစတင်ဖြိုခွင်းလိုက်တာ​ကြောင့် သူလည်း​စာအုပ်​တွေကိုပို့ထားတဲ့အကြည့်​တွေကို ​​ဖေ​​ဖေ့မျက်ဝန်း​တွေဆီသို့​ရွေ့လိုက်သည်။အဆင်​ပြေဟန်​ဆောင်ခဲ့တာလားဆို ဟုတ်​နေတာပဲမလား?ဒါ​ပေမယ့် ​​​ဖေ​ဖေ့ကိုဘယ်လို​ပြောပြရမလဲ?ဆက်ဟန်​ဆောင်ဖို့ပဲရှိသည်။။

"သားတစ်ကယ်အဆင်ပြေပါတယ်​​ဖေ​ဖေ"

"​​​ဖေ​ဖေ့ကိုမလိမ်နဲ့...မ​​ကောင်းတဲ့ mate ကိုလည်းမကာကွယ်​ပေးနဲ့...သားကိုအဲ့အိမ်​တော်မှာဆက်မ​နေ​စေချင်​​တော့ဘူး"

"​​ဖေ​ဖေ​"

အ​ဖေဖြစ်သူစကား​ကြောင့် Yoongi မျက်လုံးအိမ်​တွေဝိုင်းစက်သွားသည်။သူဒီလိုအဖြစ်မခံနိုင်ပါ။အရာရာကိုသည်းခံ​နေခဲ့တာက Kim အနားမှာရှိ​​နေနိုင်တယ်ဆိုတဲ့အချက်​တစ်ခုကြောင့်မို့ ဒီလို​ဝေးရမယ့်စကား​တွေကို သူမကြားချင်ဘူး။သူ့ကိုလူတိုင်းက ရူး​နေတယ်လို့ထင်ကြလည်း အဆင်​ပြေတယ်။သူဂရုမစိုက်ဘူး။သူက Kim ကလွဲရင် ဘာကိုမှဂရုမစိုက်မယ့်လူစားမျိုး။နာကျင်ရမှန်းသိလည်း ဖက်တွယ်​နေမိဦးမှာ။

"ပြန်သွားဖို့မစဥ်းစားနဲ့​တော့"

"​​​Kim ကကျွန်​တော့်ကိုချစ်ပါတယ်​​ဖေ​ဖေ...ဂရုလည်းစိုက်တယ်...Omega ​တွေနဲ့တွဲတာကလည်း အ​ပျော်သ​ဘောပါပဲ...ဘယ်သူနဲ့မှလွန်လွန်ကျူးကျူးမရှိပါဘူး"

"ဘယ်လိုဖြစ်ပြီးအဲ့​လောက်ကာကွယ်​ပေး​နေတာလဲသား​လေး...သူကသားကာကွယ်​ပေးဖို့​တောင်မထိုက်တန်တဲ့လူပဲ...ကိုယ့် mate ကိုအ​​လေးမထားတဲ့ Alpha ကို ဘာ​တွေအဲ့​လောက်တွယ်တာ​နေတာလဲ...သားသိက္ခါ​တွေကို​ထည့်​တွေးစမ်း"

ApocalypseWhere stories live. Discover now