11

253 29 12
                                    

ပြတင်း​ပေါက်က​နေထင်ထင်ရှားရှား​မြင်နေရတဲ့ နှင်း​တွေ​ဖွေး​နေတဲ့အဲပရက်စ်​​တောင်တန်း​တွေကို Yoongi ​မှိုင်​တွေ​တွေဖြင့်ကြည့်​နေသည်။ဆောင်းဦးစဝင်ချင်​နေပြီဖြစ်​သော​ကြောင့် ​ရေဗာကာမြို့ကြီးသည် မနက်​စော​စောတွင်မြူ​တွေဖြင့်ဖုံး​နေပြီး ​နေ​ရောင်ကိုမ​တွေ့ရ​သေး။အဲပရက်စ်​တောင်တန်းကြီးနှင့်နီးတဲ့​မြို့​တွေက​တော့ နှင်း​ထူထူတွေဖုံး​ပြီး ​အေးခဲ​နေ​လောက်မည်။

ဒီ​နေ့ Kim နဲ့အတူ ဗိုလ်​လောင်းသင်တန်းဆင်းပွဲအခမ်းအနားကို တွဲတက်ရမည်ဖြစ်သည်မို့ မ​တွေ့ရတာ4ရက်​လောက်ကြာပြီဖြစ်​သော Kim နဲ့မျက်နှာချင်းဆိုင်ရ​တော့မှာဖြစ်သည်။Kim နဲ့သူ့ရဲ့​အေးစက်စက်ဆက်ဆံ​ရေးက တစ်နှစ်ပြီးတစ်နှစ်ကူးလာသည့်တိုင် ​ပြောင်းလဲလာခြင်းမရှိပဲ ပိုမို​အေးစက်လာတာက အဲပရက်စ်​တောင်ထိပ်ကနှင်းခဲ​တွေလိုပင်။​သူက​တော့​ ဒီလို​အေးစက်စက်နဲ့ နာကျင်ရတဲ့အ​နေအထားကို နေသားကျ​နေခဲ့ပြီမို့ အထူးအဆန်း​တော့ဖြစ်မ​နေ​တော့။နေသားမကျလို့လည်း မရဘူးမလား​?သူမှမပြတ်သားနိုင်ပဲ​လေ။

​မေ​မေ့ကိုလည်းလာ​တွေ့ပါမယ်လို့​ပြောခဲ့ပြီး သွားမ​တွေ့ဖြစ်ဘူး။သူ့အစားမခံမရပ်နိုင်ဖြစ်​နေတဲ့မိဘ​တွေပုံရိပ်ကို မမြင်ချင်တာလည်းပါသလို ဆက်ဟန်​ဆောင်​နေလည်း ​မေ​မေကယုံ​ပေး​တော့မည်မဟုတ်​တာ​ကြောင့်ပင်။ပြီး​တော့ ​မေ​မေ​​ပြောလာမယ့် Kim နဲ့​​ဝေးရမယ့်အ​ကြောင်း​တွေကို သူနားမ​ထောင်ချင်ပါ။ဒါ​ကြောင့် ​မေ​မေတို့နဲ့​​တွေ့ဖို့ကို အ​တော်အချိန်ယူရလိမ့်မည်။

"မပြင်ဆင်​သေးပဲဘာရပ်လုပ်​နေတာလဲ"

အ​တွေး​​တွေလွန်​​နေတုန်း အ​နောက်က​နေကြားလိုက်ရတဲ့အသံ​သြသြကြောင့် Yoongi ​မျက်ဝန်း​တွေအ​ရောင်လဲ့သွားသည်။အ​ဖြေပြန်မ​​ပေးမိသလို ပြန်လည်းမလှည့်ကြည့်​တော့ ​ခြေသံ​တွေကသူ့အနားသို့တိုးကပ်လာသည်။ပြီးတာနဲ့ သူ့​အ​ရှေ့မှာလာရပ်ပြီး ဘယ်ဘက်လက်ကိုဆတ်ခနဲဆွဲယူသည်။

"မင်းဒီလိုလုပ်​နေရင် အဲ့ဒဏ်ရာကဘယ်​​တော့မှ​ပျောက်မှာမဟုတ်ဘူး...​ရောဂါ​မွေး​နေတာလား"

ApocalypseWhere stories live. Discover now