16

268 29 18
                                    

လိုအပ်တာထက်ပိုပြီး တိတ်ဆိတ်​နေတဲ့မင်အိမ်​တော်၏စာကြည့်ခန်းထဲတွင် လူနှစ်​ယောက်သီးသန့်​တွေ့ဆုံ​နေကြသည်။အ​ရောင်လက်လွန်းလှသည့်တန်ဖိုးကြီးနာရီကို ဝတ်ဆင်ထားသည့်လူက မျက်နှာထက်မှာစိုးရိမ်ပူပန်မှု​တွေ ကြီးစိုးလွန်း​နေပြီး မျက်လုံး​တွေကလည်း​အ​ရောင်အဆင်းမရှိ​ပေ။ကျန်တစ်​ယောက်က​တော့ အနာဂတ်အတွက် ဘယ်ကြိုးကိုဆွဲပြီးကလျှင်​ကောင်းမလဲဆိုသည့်အ​တွေးဖြင့် ​ယောက်ယက်ခတ်မှု​တွေက မျက်နှာထက်မှာ အထင်းသား​ပေါ်လွင်​နေပြီး မလှုပ်မယှက်ထိုင်​နေသည်။

"မင်းအတွက်မနစ်နာ​စေရဘူး ဒရိုင်ဘာ Kim"

​မျှော်လင့်ချက်အပြည့်ဖြင့်​​ပြောဆိုလာသည့် Min Haein သည် သူ​ပြောတာကိုလက်ခံ​ပေးပါဟု ​တောင်းဆို​နေသလို​လေသံနှင့်ဖြစ်သည်။

"ကျွန်​တော့်မိသားစုလက်မခံနိုင်မှာစိုးရိမ်တယ် သခင်"

ငြင်းဆိုရခက်​နေ​သောမျက်ဝန်း​တွေသည် ​ရွေးရခက်​သောလမ်းနှစ်လမ်း၏ လမ်းဆုံအလည်တည့်တည့်မှာ​ရောက်​နေပြီး တစ်လမ်းကို​ရွေးရင် တစ်လမ်းကိုပစ်ပယ်ရမည့်ဟူသည့် ​ဝေဝါး​နေသည့်အ​တွေး​တွေကို အတိအလင်း​ဖော်ပြ​နေပြီး တွန့်ဆုတ်​နေသည်။

"မင်းမိသားစုအတွက်ပဲ​တွေး...ငါလည်းငါ့မိသားစု​ကြောင့် ဒီလိုလုပ်ရတာ...​ရွေးစရာမရှိတဲ့လမ်း​တွေကို ​ငွေလမ်း​ဖောက်ပြီး​​ရွေးရတယ်...ဒါ​ပေမယ့်မင်းမှာ​တော့​လမ်း​ဖောက်ဖို့​ငွေမရှိဘူးမလား...အဲ့​​တော့ ငွေကိုငါ့ဆီကယူ...ပြီးရင်မင်းလမ်းကို​ဖောက်"

ကြားလိုက်ရတဲ့စကား​ကြောင့် ဒရိုင်ဘာ Kim မှာအားကျခြင်း​တွေအပြင် အလွန်အမင်းသိမ်ငယ်ခြင်း​တွေကိုပါ ခံစားလိုက်ရသည်။ပိုက်ဆံရှိသည့်အပြင် အာဏာပါထပ်တိုးရှိ​နေသည်မို့ သခင့်အတွက်​တော့ လမ်းတစ်လမ်း​ဖောက်ရတာလွယ်ကူ​လွန်းနေသလိုပင်။သူ့လို သခင့်အိမ်ကဒရိုင်ဘာတစ်​ယောက်အတွက်​တော့ ​ဖောက်ဖို့လမ်းကိုပင်မ​ရွေးရဲဖြစ်​နေရသည်။ကိုယ့်သခင်ကိုမနာလိုဖြစ်မိခြင်းက မတန်မှန်းသိ​ပေမယ့် သူမနာလိုမိသည်။

"ကျွန်​တော်လက်ခံပါတယ်သခင်...ကျွန်​တော်မရှိတုန်း ကျွန်​တော့်မိသားစုကို​သေချာ​စောင့်​​ရှောက်​ပေးပါ"

ApocalypseWhere stories live. Discover now