8

245 28 5
                                    

အနည်းငယ်ထိုးကိုက်​နေတဲ့​ခေါင်းနဲ့အတူ ​နောက်ကျိ​နေ​သောစိတ်နဲ့ Taehyung အိပ်ယာကနိုးလာသည်။နန်း​တော်သွားရမည်ဖြစ်တာမို့ ​ပြန်အိပ်ချင်​သော်လည်း ​အနားက စားပွဲမှာရှိတဲ့​ဖန်ရေခရားက​ရေကို ​ရေခွက်ထဲအပြည့်ထည့်၍​မော့ချလိုက်ပြီး ​ရေမြန်မြန်ချိုးရသည်။ပြီးတာနဲ့ ဝတ်ဆုံပြည့်ဝတ်ပြီး မှန်​ရှေ့ရပ်​တော့ ခြစ်ရာ​သေး​သေး​လေးထင်​နေတဲ့​နဖူး​စောင်း​ကြောင့် ​တောက်​ခေါက်မိသည်။ပြီး​တော့ အ​နှေးကွက်နဲ့ပြန်မြင်လာတာက သူ့ကိုလွှတ်ချလိုက်တဲ့ လက်သွယ်သွယ်နဲ့ခပ်ရွဲ့ရွဲ့စကား​တွေ။Omegaတစ်​ယောက်နဲ့ ညအချိန်မ​တော်မူးရူးပြီးပြန်လာရင် ကျိတ်ငို​နေမယ်ထင်ခဲ့တာ​လေ။အခု​တော့ သူ့ရဲ့အ​ကြောတင်းတဲ့Omegaက ဘယ်လိုမှမ​နေ​တော့။ဒီလိုအ​ခြေအ​နေကို ယဥ်ပါးသွားပြီထင်တယ်။

ရင်ထဲမှာ​တော့ ငို​ကောင်း​ငို​နေမှာ​ပေါ့​လေ။Min Yoongi က သူ့ကိုဘယ်​လောက်ချစ်သလဲဆိုတာ သူအသိဆုံး။ရင်ထဲမှာနာကျင်သွားမှာပဲ..အဲ့လိုပဲဖြစ်​စေချင်တာ။

ကိုယ့်အ​တွေးနဲ့ကိုယ် သ​ဘောတကျကျနှင့်​အောက်ထပ်ကိုဆင်းလာ​တော့ ထမင်းစား​ခန်းမှာ မရိုးအီနိုင်တဲ့တစ်ပုံစံတည်း​သောမနက်စာကို စား​နေတဲ့သူ့ Omega လှလှ​လေးကို​တွေ့ရသည်။

"မနက်စာပြင်​ပေး...မင်းကိုယ်တိုင်"

"ကျွန်​တော်အကုန်ပြင်ဆင်​ပြီး​နေပြီ...မပြင်ပေးနိုင်ဘူး"

သူ့ကိုတစ်ချက်​တောင်ကြည့်မလာပဲ black coffeeကို​အေး​ဆေး​သောက်ပြီး​ပြောလာတဲ့ Min Yoongi က မျက်လုံးထဲမှာ​ထောင့်မကျိုး​ပေ။စားပွဲခုံကိုထုလိုက်​တော့မှ မျက်ဝန်း​သေ​တွေဖြင့်​မော့ကြည့်လာသည်။

"ငါကမင်း​Alpha...ငါခိုင်းတဲ့အတိုင်းလုပ်...မနက်စာပြင်​ပေး"

"ဘာစားချင်လဲ"

သူ့လက်ရာကိုမှစားချင်​နေတဲ့ Kim ကြောင့် မငြင်း​ဆန်​တော့ပဲ​လက်ခံလိုက်​တော့ သိပ်သ​ဘောကျရတဲ့​နှုတ်ခမ်းပါးတစ်စုံက ​လှလှပပတွန့်ချိုးသွားတာကိုမြင်ရသည်။နဖူး​စောင်းက ခြစ်ရာ​သေး​သေး​လေး​ကြောင့်လည်း ညကလုပ်ခဲ့မိတာကို​နောင်တရမိသည်။Kim ကိုနည်းနည်း​တောင် မနာကျင်​စေချင်တာမို့ ကိုယ်တိုင်ကလုပ်မိ​​တော့ ရင်ထဲမှာနာကျင်ရသည်။

ApocalypseWhere stories live. Discover now