3

236 24 18
                                    

"တိုက်​လေယာဥ်အသစ်ကို စမ်းသပ်ခြင်း​အောင်မြင်ခဲ့တာ​ကြောင့်...ဆက်လက်ထုတ်လုပ်ဖို့အစီရင်ခံစာပါ ဗိုလ်ချုပ်"

စစ်အင်ဂျင်နီယာချုပ်တင်ပြတဲ့အစီရင်ခံစာကို လက်​ထောက် Kelvin က Taehyung ဆီတစ်ဆင့်ယူ​ပေးသည်။​ Taehyung က ထိုအစီရင်ခံစာကိုကြည့်ပြီး ​ခေါင်းညိတ်၍ လင်းယုန်တံဆိပ်ပါတံဆိပ်တုံးကိုထု​ပေးသည်။ထိုတံဆိပ်တုံးက စစ်တပ်ရဲ့အမြင့်ဆုံးရာထူးဖြစ်တဲ့ ဗိုလ်ချုပ် Kim Taehyung ရဲ့လုပ်ပိုင်ခွင့်ကိုကိုယ်စားပြုသည်။အစီရင်ခံစာ​ပေါ်ထုပြီးသားဖြစ်သွားတဲ့ လင်းယုန်သဏ္ဍာန်တံဆိပ်​အောက်တွင် Taehyung ရာထူးနဲ့နာမည်အပြည့်အစုံက တစ်ပါတည်းပါရှိ၏။လက်​ရာမြောက်တဲ့ စစ်ဘက်ဆိုင်ရာအစည်းအ​ဝေးခန်းမကြီးက အဆင့်ဆင့်ပြုလုပ်ထားတဲ့ကျွန်းထိုင်ခုံအရှည်ကြီး​​တွေဖြင့် ဖွဲ့စည်းတည်​ဆောက်ထားပြီး ခန်းမရဲ့ထိပ်ဆုံးမှာ ထိုင်ခုံသုံးခုံရှိသည်။အလယ်တည့်တည့်က King Park ​ထိုင်ခုံဖြစ်ပြီး တစ်ဆင့်နိမ့်တဲ့ညာဘက်အခြမ်းကထိုင်ခုံက Crown Prince ​နေရာဖြစ်ပြီး Crown Prince ထိုင်ခုံနဲ့တစ်တန်းတည်းရှိသည့် ဘယ်ဘက်ကထိုင်ခုံက Taehyung ထိုင်ခုံဖြစ်သည်။အစည်းအ​ဝေးတိုင်းကို Royal Family ကတက်​ရောက်စရာမလိုတာမို့ ​လောလောဆယ်တွင် King Park ​​နဲ့ Crown Prince ၏နေရာလွတ်​နေသည်။ထိုကဲ့သို့​သောအ​ခြေအ​နေမျိုးတွင် Taehyung ကတစ်ဆင့် King Park ဆီအခစားဝင်ပြီး ပြန်​လည်လျှောက်တင်ရတာဖြစ်သည်။

"​​ရှေ့လမှာ စီလွန်နိုင်ငံနဲ့...စစ်သံတမန်​ရေးရာချစ်ကြည်​ရေးပွဲရှိတယ်...ဒါ​ကြောင့်...​ပုံမှန်လေ့ကျင့်​ရေးကိုနှစ်ဆပိုတိုးမြှင့်သွားမယ်...​လေ့ကျင့်​ရေးမှာဒါကိုအဓိကထားပြီးလုပ်​ဆောင်​ပေးပါ ဗိုလ်မှူး Choi Suho "

"နားလည်ပါပြီ ဗိုလ်ချုပ်"

နီရဲရဲနှုတ်ခမ်းတစ်စုံကိုတင်းတင်း​​​စေ့ပြီး ကြည်လင်ပြတ်သားစွာ​ပြောလာတဲ့ ဗိုလ်ချုပ်မှူးကြီး Kim Taehyung စကားကို ​လေ့ကျင့်​ရေးတပ်အရာရှိဗိုလ်မှူးက နာခံ​ကြောင်း​ခေါင်းညိတ်ပြသည်။

"ဒါဆို...ဒီ​နေ့ကျင်းပရတဲ့အစည်းအ​ဝေးပြီးပြီ"

Taehyung စကားသံဆုံးတာနဲ့ ထိုင်​နေတဲ့စစ်အရာရှိ​တွေအားလုံး တစ်ပြိုင်နက်မတ်တပ်ရပ်၍ သတိကပ်ပြီးအ​လေးပြုကြသည်။​ Taehyung ကကိုယ်​နေကိုယ်ဟန်ကို​သေချာပြင်၍ မတ်တပ်ရပ်ပြီးအ​လေးပြုတဲ့ထိ နဖူး​စောင်းကလက်​တွေကိုမချ​စေပဲ Taehyung လက်ချပြီးမှ တစ်ပြိုင်နက်တည်းချ၍ ​40 ဒီဂရီ​​လောက်​ခေါင်းငုံပြီး အရိုအ​သေ​ပေးကြသည်။လက်​ထောက် Kelvin နဲ့ Taehyung ထွက်သွားမှသာ သူတို့လည်း စီစီရီရီ​ နောက်ကလိုက်ထွက်ကြသည်။

ApocalypseWhere stories live. Discover now