ဗိုလ်ချုပ်Lee၏ Omegaသည် စီလွန်ဘုရင်၏တူမတော်ဖြစ်တာမို့ မင်္ဂလာပွဲသည် ကြီးကျယ်ခမ်းနားပြီး ဂုဏ်သရေရှိဧည့်ပုရိသတ်များနှင့်ပြည့်နေသည်။စီလွန်ဘုရင်ကိုယ်တိုင်တက်ရောက်ပြီး ချီးမြှင့်ပေးသည်မို့ အတော်အရေးပါလေသည်။ထိုပွဲထဲတွင် Taehyungနဲ့ Yoongi လည်းရှိပြီး လူတိုင်းရဲ့အကြည့်တွေကိုဖမ်းစားထားသည်။
"စီလွန်မှာပျော်ရဲ့လား ဗိုလ်ချုပ်Kim"
အနားသို့လာပြီးမေးတဲ့စီလွန်မြို့တော်ဝန်ကြောင့် Taehyung ကပြုံးရင်းနဲ့ခေါင်းညိတ်ပြသည်။Yoongi ကတော့ မျက်နှာသေဖြင့်သာ သူ့တုန်းကလိုမျိုး ပျော်ရွှင်နေတဲ့မင်္ဂလာသတို့သမီးလေးကိုကြည့်နေသည်။
"ရေဗာကာကOmegaတွေထက်...ကျွန်တော်တို့စီလွန်ကသာတယ်မလားဗျာ"
ပိုင်ရှင်ဖြစ်တဲ့ mate တစ်ယောက်လုံးဘေးမှာရှိနေတာတောင် ဒီလိုတွေအားမနာပဲမေးလာတာက Kim တစ်စစီဖျက်ဆီးလိုက်တဲ့ ကျွန်တော့်သိက္ခါတွေမဲ့သွားတာကြောင့်ဖြစ်သည်။မသိချင်ယောင်ဆောင်ပြီးနေနေပါသော်လည်း နားတွေကအကောင်းကြီးမို့ ရှက်သည်ထက်ပိုသည်။လက်သီးကိုကျစ်ကျစ်ဆုပ်ရင်းနဲ့ ဟန်လုပ်ပြုံးနေရသည်။
"မသာပါဘူးဗျာ...အဲ့Omegaတွေဘယ်လောက်လှလှ...ကျွန်တော့် Omegaကိုမှမမှီတာ...အဲ့တော့မျက်လုံးထဲမတိုးဘူး"
ရုတ်တရက်လက်ကိုဆွဲကိုင်ပြီး ဆံနွယ်တွေကိုနားနောက်သို့သပ်တင်ပေးလာတဲ့ Taehyung ကြောင့် Yoongi လန့်သွားရသည်။အပိုတွေပြောနေမှန်းသိတာကြောင့် အောက်နှုတ်ခမ်းကိုဖွဖွဖိကိုက်ထားတော့ Kim က သဘောကျသောမျက်ဝန်းတွေဖြင့်ကြည့်သည်။ထိုမျက်ဝန်းတွေမှာ အနိုင်ရခြင်းကဲ့သို့သော ရွဲ့တဲ့တဲ့သဘောထားတွေအပြည့်ပါသည်။
ကျေးဇူးပြုပြီး ကျွန်တော့်အရှက်ကိုထပ်မခွဲပါနဲ့တော့လား Kim။
ရင်ထဲကစကားတွေကို Kim ကြားစေဖို့ရည်ရွယ်ရင်း ဆံပင်တွေကိုသပ်ပေးနေတဲ့လက်ကိုဆုပ်ကိုင်မိတော့ Kimကသူ့လက်ကို နှုတ်ခမ်းဖျားတွေနဲ့လာထိကပ်ရင်း