2

244 22 9
                                    

"သက်သာရဲ့လား သခင်မ"

"ဒီ​​လောက်​လေးနဲ့ ကျွန်​တော်မ​သေနိုင်​​သေးပါဘူး Allie"

"အို...သခင်မရယ်...မ​ပြော​ကောင်းမဆို​ကောင်း"

Allie ကစိုးရိမ်စွာနဲ့​ သ​ဘောမကျသလိုပြောလာ​တော့ ပြုံးလိုက်မိသည်။ဒီအိမ်​တော်စ​ရောက်ကတည်းက Allie ကသူ့အ​ပေါ်အလုပ်အ​ကျွေးပြုစုခဲ့တာမို့လို့ အ​စ်မတစ်​ယောက်လိုဖြစ်​နေသည်။အခုလည်း ဖန်ကွဲစစင်တဲ့ဒဏ်ရာကို​ဆေးထည့်​ပေး​နေတာဖြစ်၏။ဒဏ်ရာရတဲ့ကျွန်​​တော့်ထက် Allie ကပိုစိုးရိမ်​နေတာ။စိုးရိမ်လည်းစိုးရိမ်စရာပါပဲ။Omega တစ်​ယောက်က Alpha ​တွေလို healing မြန်တာမှမဟုတ်ပဲ။ဒီရက်​တွေထဲ လမ်း​လျှောက်ရတာအခက်အခဲဖြစ်​တော့မယ်ထင်တယ်။

"ရပါပြီ သခင်မ"

Allie ကဒဏ်ရာကိုပိုးသတ်ပြီး​ဆေးထည့်၍ ပတ်တီးပါးပါးဖြင့်​ သေ​​သေသပ်သပ်စည်း​ပေးထားတာ​ကြောင့် ​​​ခေါင်းညိတ်ပြီးပြုံးပြလိုက်သည်။

"ညစာကို အခန်းထဲပဲလာပို့​ပေးရမလား သခင်မ"

"မလိုဘူး...ကျွန်​​တော်​အောက်ထပ်ဆင်းလာခဲ့မယ်"

"ဟုတ်ကဲ့ပါ"

ဒဏ်ရာနဲ့မို့​ အောက်မဆင်း​စေချင်​သော်လည်း သခင်မအ​ကြောင်းသိ​နေတာ​ကြောင့် ​ခေါင်းညိတ်ပြ၍အရိုအ​သေပြုပြီး ပြန်ထွက်လာရသည်။​အောက်ထပ်ကို​ရောက်​တော့ ဧည့်ခန်းထဲမှာ ဝိုင်နီ​သောက်​နေတဲ့သခင်ကို​တွေ့တာ​ကြောင့် ​ခြေသံမကြား​အောင်အတတ်နိုင်ဆုံးထိန်း​လျှောက်ရသည်။

"Allie"

"ဟုတ်ကဲ့ပါ သခင်"

ရုတ်တရက်​လှမ်း​​ခေါ်တာမို့ ​ဆေး​သေတ္တာကို​တောင်သွားထားချိန်မရပဲ အနားသွား၍အရိုအ​သေ​ပေးရသည်။

"ဒီ​နေ့ညစာကို...မင်းတို့သခင်မကိုချက်ခိုင်း"

စစ်တပ်ထဲတွင်အချိန်ပေါင်းများစွာကုန်ဆုံးခဲ့သူမို့ Taehyung ရဲ့အ​ပြောအဆို​တွေက ဘယ်သူ့အ​ပေါ်မဆို​ယောကျာ်း​လေးဆန်ဆန်သာ။

"ဟို...သခင်မက​ခြေ​ဖဝါးမှာဒဏ်ရာရထားတာ​ကြောင့်...ဟင်းချက်ဖို့အဆင်မ​​ပြေ..."

ApocalypseWhere stories live. Discover now