အပိုင်း(၁)

8.2K 244 14
                                    

Unicode

ပူပြင်းလှနေတဲ့နေရောင်ပြင်းပြင်းအောက်၌
ထီးမပါ၊ဦးထုပ်မပါဘဲလမ်းလျှောက်နေရသူအဖို့ ပူအိုက်တာဆိုတာဆိုဖွယ်မရှိပါ။
ပုံမှန်ဆို ထီးတစ်ချောင်းတော့ မမေ့မလျှော့ဘဲယူနေကျဖြစ်သည်။ဘာပစ္စည်းမှ မပါခဲ့လျှင်တောင် ထီးတစ်လက်တော့ အမြဲလိုလိုပါတတ်ခဲ့သည်။

ဒီနေ့မှ မေ့လျော့သွားခဲ့မိ၏။ဒါကလည်း‌ ကျွန်မရဲ့အပြစ်ချည်းတော့မဟုတ်ပါ။
အိမ်မှနေထွက်ခါနီး မမပေးလိုက်တဲ့ အထုပ်ကြောင့်သာဖြစ်သည်။
မကြည်မသာနဲ့ယူလာခဲ့ရတာမို့ ဘာတွေထည့်ထားသလဲဆိုတာလည်းမမေးမိခဲ့ပါ။

လက်ထဲကအထုပ်ကြီးကို ကြည့်လိုက်မိပြန်တော့ ဒီပစ္စည်းတွေရဲ့ပိုင်ရှင်ကိုသာ စိတ်ထဲတွင်ပြစ်တင်လိုက်မိသည်။ဒီပစ္စည်းကြောင့်သာမဟုတ်ရင် ဒီအထိနေပူခံပြီးလာစရာလည်းမလိုသလို ထီးလည်းမေ့လိမ့်မည်မဟုတ်ပါ။အခုတော့ သူကြောင့်...

အထုပ်ကြီးဆိုတာလည်းမနည်းလှပါ။
လူကနွမ်းနယ်နေသည့်ကြားကနေ ဘာတွေထည့်ထားမှန်းမသိတဲ့အထုပ်ကို သယ်နေရတာဝဋ်ကြီးလိုက်တာ။

မမပြောတဲ့နေရာတော့ ရောက်လာခဲ့ပြီ။ပစ္စည်းလာယူမဲ့သူကိုတော့ တစ်ခါမှမမြင်ဖူးတာမို့ အနီးအနားမှာရှိနေရင်တောင်သိမှာမဟုတ်ပါ။
ကျွန်မသည်လည်း ဒီနေရာအထိရောက်နေတာတောင် အထုပ်ကိုသယ်လာရတဲ့ဝဋ်ကမကုန်သေးပါ။ဘာတွေထည့်ထားမှန်းမသိတာမို့ ပြီးလွယ်ပိုင်လွယ် အောက်ကိုလည်းမချထားချင်ပါ။ဒါကြောင့်မို့ ရင်ခွင်ထဲမှာပဲထည့်ထားလိုက်သည်။

"နေရဲ့ ညီမလေးမလား"

နားဝင်ချိုလွန်းတဲ့အသံလေးကြောင့် မော့ကြည့်လိုက်မိသည်။

ဘုရားရေ....လှရက်လိုက်တာ။

တဒင်္ဂလေးအတွင်းမှာပဲ  ကျွန်မမှတ်ချက်ပေးလိုက်မိသည်။
ပြီးနောက် ကျွန်မရဲ့ ဝဲဘက်ရင်အုံမှစည်းချက်မညီစွာမြည်ဟီးလာတဲ့တဒုတ်ဒုတ်သံစဥ်တွေ။

'ဘုရားရေ...ကျွန်မ ရင်ခုန်မိသွားတာလား'

'မိန်းမတစ်ယောက်က အခြားမိန်းမတစ်ယောက်ကိုလေ'

ရှင့်ကို ချစ်တယ်(သို့)အချစ် ဒီရေလှိုင်းWhere stories live. Discover now