အပိုင်း(၂၄)

780 74 2
                                    

Unicode

စူးရှနေတဲ့အလင်းဓာတ်ကြောင့် အိပ်ပျော်နေရာမှနိုးလာခဲ့သည်။ ပြတင်းပေါက်မှ မြင်နေရတဲ့ နေ၏အလင်းရောင်ကိုကြည့်ခြင်းဖြင့် သာမန်ထက် နောက်ကျနေပြီဆိုတာကိုသိလိုက်သည်။

တဖန်အပေါ်တည့်တည့်ကိုမော့ကြည့်လိုက်တော့ ပြာနုရောင်သမ်းနေသောမျက်နှာကျက်ကိုမြင်ရသည်။ ဒါ ကျွန်မအခန်းမဟုတ်ဘူးဘဲ။

ကျွန်မ၏ဘေးကိုကြည့်လိုက်သည်။

ဘုရားရေ။ သူကျွန်မကိုလက်ထောက်ပြီးကြည့်နေသည်။

ကျွန်မ တော်တော်ဦးနှောက်မကောင်းတာပါလား။ ညကသူ့အိမ်မှာအိပ်တာကို မေ့သွားခဲ့ခြင်းပဲ။

"ဘာပြောချင်လို့လဲ"

ကျွန်မသူ့ကိုကြောင်ကြည့်နေတာကို တစ်ခုခုမေးချင်တယ်ဟုထင်သွားပုံရသည်။

"ရှင် နိုးနေတာကြာပြီလား"

"အင်း ၁နာရီလောက်ရှိပြီ"

သူကျွန်မထက်အရင်နိုးနေတာပဲ။
ကျွန်မ သတိလက်လွတ်များအိပ်မိသလားဆိုပြီးစဉ်းစားရသေးသည်။ ခြေလက်တွေတော့ ကိုးရိုးကားယားမဖြစ်ခဲ့ကောင်းပါဘူး။အဲ့ဒီလိုသာဆိုရင် သေချာ‌ပေါက်ရှက်စရာကောင်းမှာ။

"ရှင်..ဘာလို့မထတာလဲ"

"မထချင်လို့ပေါ့"

ပြောပုံကိုက။

ကျွန်မ အိပ်ယာမှထရန်ပြင်လိုက်တော့ သူက ခါးကိုဖက်ထားသည်။

"ပြန်အိပ်ပါဦးလား ဆွေး.…ဒီနေ့ Sundayလေ မင်းကျောင်းမသွားရဘဲနဲ့"

"ကျွန်မ ပြန်မအိပ်တတ်ဘူး ရှင်ရဲ့"

"ဒါဆိုလည်း ထပါ....တို့လည်းထမယ်"

သူကဖြည်းဖြည်းချင်းထလိုက်သည်။ ကျွန်မခါးကိုဖက်ထားတဲ့လက်တွေကိုတော့ မဖြေသေးပါ။
ထို့အပြင် ကျွန်မပခုံးကိုမေးတင်ကာ နှုတ်ခမ်းမှလေများမှုတ်ထုတ်ကာဖြင့် မထိတထိကျီစယ်နေသေးသည်။

ကိုယ့်ထက်အငယ်ကို ရည်းစားတော်ထားရသလိုပါပဲလား။
ကျွန်မထက် ၇နှစ်လောက်ကြီးတယ်ဆိုတာ ယုံချင်စရာမရှိပါ။

ရှင့်ကို ချစ်တယ်(သို့)အချစ် ဒီရေလှိုင်းWhere stories live. Discover now